part 28

192 9 0
                                    

"အာ !!!"

"ဂွတ် "

"အဲ့တာဆိုနောက်တစ်လုပ် အာ !!!"

ဆေးရုံနဲ့မလိုက်အောင် ချစ်ကြည်နူးတစ်တီတူးနေကြတဲ့ နှစ်ယောက်မှာ ဘေးလူမြင်ရင်ပင် အမြင်ကတ်စရာ ။ တစ်ယောက်က ဆန်ပြုတ်ကို တစ်ဇွန်းချင်းစီ အာငွေ့လေးနဲ့မှုတ်ပြီး ကျွေးလိုက်
နောက်တစ်ယောက်က ခွံ့ကျွေးတဲ့ဆန်ပြုတ်ကို သောက်ပြီး လက်မလေးထောင်ပြလိုက်နှင့်ပင်။
ဒီအတွဲကြာကြာ ကြည်နူးနိုင်မယ်လို့ ထင်ပါလေသလား ? ကျောင်းကတည်းက အမြဲ လူဂွစာနဲ့
စွာတေးလန်မလားလေ....

"အာ !!! "

လင်းညိုကို ကျွန်တော် စိတ်မရှည်တော့ ။ ဟုတ်သည်လေ သူမသောက်ရတိုင်း သူများကို ဆန်ပြုတ်တွေ အတင်းဇွတ်တိုက်နေတာ ။ စစတော့ သည်းခံပြီး သောက်ပေးပါသေးသည်။ သို့သော် တစ်ပန်းကန်ကုန်ပြီး နောက်ထပ်ပင်ထပ်တိုက်တော့မည်ပြင်နေတာကြောင့်

"ဘာ အာ လဲ ကျီးကန်း အာ နေတာလား "

ပြောပြီး မျက်စောင်းလေးက ဒိုင်းခနဲ ။ ဒီ ငယ် ကတော့ မနက်အစောကြီး ဒီလူကို အူယားအောင်လုပ်ပြန်ပြီ ။

"ဟောဗျာ ကလေးလေးကို အစာကျွေးရင် အာ...လို့ နူးနူးညံ့ညံ့လေးပြောတယ်မလား
ခုလည်း ဒီလိုဘဲလေ ငယ့်က ကိုယ့်ကလေးလေးမို့ အာ...လို့အစပြုပြီးကျွေးတာပေါ့ ပေါက်ပေါက်ရှာရှာ ဘယ်က ကျီးကန်းလဲ ငယ်ရဲ့"

"ကျစ် ရွဲ့ပြောတာ ရွဲ့ပြောတာ !! အဲ့လောက်ဘဲ တုံးရတယ်လို့ တကယ်ဘဲ "

"ဟားဟား "

မနေနိုင်တော့ ကျွန်တော် အာကျယ်ကြီးနဲ့ ထရီမိတော့သည်။ ဘယ်သူကမသိဘဲနေမလဲလေ ? ငယ်ရွဲ့ပြောနေတာမှန်း သိတာပေါ့ ။ ဒါ သက်သက်ဂျီကျတာ ဆန်ပြုတ် မစားချင်တော့လို့လေ...ဒါကြောင့် မသိချင်ယောင်ဆောင်ပြီး မေးလိုက်ခြင်းဖြစ်သည်။ ဒီကလူက အထာနပ်နေပါပြီကွ

"ဘာရယ်တာလဲ ငါ စိတ်ဆိုးလိုက်မှာနော် "

ကျွန်တော် ပြောတာကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေး ဆန်ပြုတ်ပန်းကန်ကို ဘေးချနေတဲ့ ထိုလူသားက အရင်ကလို ကျွန်တော်စိတ်ဆိုးမှာ မကြောက်တော့ပြီလား ?
အေးလေ ပြတ်သွားတဲ့ကြိုးမျှင်စ ဆိုတာ အသစ်ဖြစ်အောင်ပြန်ချည်လိုက်လည်း ဘုထုံးတစ်ခုခံသွားပြီမလား ? အရင်လိုအကောင်းမှ ပြန်မဖြစ်နိုင်တော့တာလေ ...တွေးရင်း ရင်ထဲက အောင့်မိသည်။ ဝေ့သီလာတဲ့ အရည်ကြည်ဥတွေကို ခပ်မြန်မြန်ပုတ်ထုတ်လိုက်ပြီး သူမရှိတဲ့ တခြားနေရာဘက်ကို အကြည့်လွှဲလိုက်မိသည်။

ညှို့Where stories live. Discover now