"အော် ပန်းမြတ် !!"
ကံတရားကကျွန်တော့်ဘက်မပါတော့ဘူးလား ? ခေတ္တခဏ မေ့သွားတာဘဲ !! ကျွန်တော် လင်းညိုအမေနဲ့ ကတိပေးထားတာ....တကယ်လို့ ကတိမတည်တဲ့သူအဖြစ်ခံပြီး လင်းညိုနဲ့ အသစ်ပြန်စရင်တောင်မှ ပန်းမြတ်ကရော !! သူက မိန်းကလေးလေ ။ သူ့မိဘတွေ ပတ်၀န်းကျင်ရဲ့ အလယ်မှာ သူဘယ်လို မျက်နှာပြရမလဲ ? ကျွန်တော် တစ်ယောက်တည်းကြောင့် ခံစားရမယ့် လူတွေကအများကြီး ။ လင်းညို မင်းကိုငါချစ်တယ် ။ ဒီစကားက နောက်ဘယ်တော့မှ ထုတ်မပြောဖြစ်တော့တဲ့ စကားတစ်ခွန်းဖြစ်လာလိမ့်မယ် ။ လင်းညိုက ကျွန်တော့်ကို သိုင်းဖက်ထားတာမို့ သူ့ရင်ခွင်ထဲက အမြန်ရုန်းထွက်လိုက်ရတော့သည်။ သူနဲ့ လက်ထပ်မယ့် သတို့သမီးလောင်းရဲ့အမြင်မှာ ဒီပုံစံက အမြင်မသင့်ဘူးမလားလေ ...
"မြတ် ရောက်တာမြန်လှချည်လား "
"ဒါပေါ့တော် !! ဖုန်းဆက်တော့ ဆေးရုံမှာဆို ပြီးတော့ နင့်အသံက ၀မ်းနည်းတဲ့အသံပေါက်နေတော့ စိတ်ပူပြီး အမြန်လိုက်လာတာပေါ့ဟ "
သူက ကျွန်တော့်ကို အရမ်းစိတ်ပူခဲ့သလို
ပန်းမြတ်ကလည်း လင်းညိုကို
အရမ်းစိတ်ပူခဲ့မှာဘဲ ။"ဘယ်လိုဖြစ်တာလဲ ကိုနီက်ုးလ် ရယ် "
"ဒီလိုပါဘဲ "
ကျွန်တော် ပြုံးရုံသာ တတ်နိုင်တော့သည်။
တော်သေးလို့ !! ခဏက ဖက်ထားတဲ့ ကိစ္စကို ဘာတစ်ခွန်းမှမဟလာလို့ ။ သို့ပေမယ့် ပန်းမြတ်ဆိုတဲ့ မိန်းကလေးက ဒီလောက်မြိုသိပ်ထားနိုင်သတဲ့လား ? ခဏက မြင်ခဲ့တဲ့အရာတွေကို မမြင်ချင်ယောင်ဆောင်နိုင်သတဲ့လား ? တစ်ခုခုလွဲနေပြီလို့ ထင်မိတယ် ။ လင်းညိုနဲ့ ပန်းမြတ်က တစ်ယောက်နဲ့တစ်ယောက် တကယ်ရော ချစ်ကြရဲ့လား ? ပန်းမြတ်ရော လင်းညိုကောက သာမန် သူငယ်ချင်းတွေအတိုင်းဘဲ ။ ဒါဆို ...ဟာ..သူတို့ဘာသူတို့ ချစ်ချစ်မချစ်ချစ် အချိန်တန် လက်ထပ်ရမှာဘဲ ။ စေ့စပ်ပြီးသား မိန်းကလေးရှိသူတစ်ယောက်ကို ငါ ပေါ်ပေါ်ထင်ထင်မချစ်သင့်ဘူး ။ ဒီတိုင်း ငါထွက်သွားပေးရင်ရနေပြီဘဲလေ။"ဂရုစိုက်ဦး အစ်ကိုရေ "
"မြတ် ဘာတုန်း အစ်ကို အစ်ကိုနဲ့ နီကိုးလ် ဆို
နီကိုးလ် ကိုးလ်ဆို ကိုးလ် ပေါ့ "
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~