"ဒီပြဿနာကို ဘယ်လိုရှင်းမလဲ ကိုးလ်
အခုသတင်းတွေက အရမ်းပြန့်နေပြီ""ကျွန်တော် အနုပညာအလုပ်ကနေ
ထွက်လိုက်တော့မယ် မဝါ "ကျွန်မ ခပ်သဲ့သဲ့သက်ပြင်းချရင်း
"ကိုးလ် သေချာစဉ်းစားနော် ကိုးလ် ဒီလိုနေရာရောက် လာဖို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲဆိုတာ မဝါ အသိဆုံး ဒါကို လွယ်လွယ်လက်လျှော့တော့မလို့လား"
"ဒါဆို ဘယ်လိုလုပ်ရမလဲမဝါ ကျွန်တော် သူ့ကို ချစ်တယ် သူ့ကို တခြားသူတွေ တိုက်ခိုက်ပြောဆိုမှာ မလိုလားဘူး"
"ကိုးလ် "
"တကယ်ပြောတာ ကျွန်တော် သူမရှိဘဲ နေကြည့်ပြီးပြီ နည်းနည်းလေးနေခဲ့တာ မဟုတ်ဘူးနော် ငါးနှစ်တိတိ မတွေ့မိအောင်မနည်းထိန်းရင်း နေခဲ့ရတာ ဒါပေမယ့် ကျွန်တော် သူမရှိတဲ့နောက်ပိုင်းပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိတော့ဘူး
ရုပ်ရှင်ရိုက်ရတာ သဘောကျတယ် ဒါပေမယ့် ကျွန်တော် လင်းညိုကို ပိုသဘောကျတယ်
အဲ့ဒါကြောင့် ကျွန်တော်ရွေးချယ်ရမယ်ဆိုရင် လင်းညိုကိုဘဲ ရွေးချယ်မှာပါ ""ကိုးလ် တကယ်ခေါင်းမာပါလား"
"ခေါင်းမာတာမဟုတ်ဘူး မဝါ
မဝါလည်း တကယ်ချစ်တဲ့သူနဲ့ တွေ့တဲ့အခါ
ကျွန်တော့် ခံစားချက်ကို နားလည်မှာပါ ""မဝါ နားလည်တယ်"
"ဟင့်အင်း မဝါ နားလည်တယ်လို့မထင်ဘူး
ထားပါတော့ မဝါချစ်တဲ့သူနဲ့ အောင်မြင်မှုနဲ့ဆို မဝါ ဘာကိုရွေးမလဲ ""အောင်မြင်မှုပေါ့ အချစ်က ဘ၀မှာ အဲ့လောက်မှ အရေးမပါတာ "
"အဟက် မဝါ တကယ်မချစ်ဖူးသေးလို့ပါ
တစ်နေ့တော့ သိလာပါလိမ့်မယ် ကျွန်တော် သွားတော့မယ် သူ့တစ်ယောက်တည်းကျန်ခဲ့လို့... အော် ပြဿနာတွေက တအားရှုပ်လာခဲ့ရင် ခဏကကျွန်တော်ပြောတဲ့အတိုင်းဘဲ ကြေငြာလိုက်ပါ ကျွန်တော့် ရွေးချယ်မှုက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်လို့ "ကိုးလ် လင်းညိုကို အရမ်းချစ်တာဘဲလား ငါ့ကျတော့ရော ငါ့ကျ ဘာလို့လဲ !!!ဆွေးနွေးခန်း တံခါး၀မှာ ပြောနေတဲ့စကားသံတွေကို နားထောင်ရင်း ကျွန်တော် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ကိုးလ် ထွက်လာတော့ ရင်ထဲက နာကျင်နေတဲ့ အရာကို အပြုံးနဲ့ ဖုံးကွယ်လိုက်ပြီး
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~