part 30

351 12 0
                                    

"ကျွီ "

ကားပေါ်ကအလျင်စလိုဆင်းလာမိသည်။ ဒေါ်မိုးကလျာဆိုသည့်မိန်းမက မြွေဟောက်မပင် ...။ ချိန်းထားသည့်နေရာ၌ ဂိုဒေါင်ပျက်ကြီးမှလွဲ၍ အိမ် နဲ့တူသည့် အဆောက်အဦး တစ်ခုမှမတွေ့ရ ။ ချုံပုတ်တွေနှင့် ချောင်ကျသည့် နေရာကို တမင်ရွေးထားခြင်းဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော် သတိကြီးစွာထားပြီး ဘေးဘီဝေ့ဝိုက်ကြည့်ကာ ကားပေါ်မှ  ဆင်းလာမိသည်။ စိတ်ထဲကအကြိမ်ကြိမ်ဆုတောင်းနေမိတာက အဖေ ဘာမှမဖြစ်ပါစေနှင့်ဟူ၍ပင် ။ ထိုအချိန် နောက်စေ့နားကို ထိတွေ့လာတဲ့ တုတ်

"အား "

ကျွန်တော် ခွေလဲကျမိသွားသည်။ တစ်ယောက်ယောက်ချောင်းရိုက်ခြင်းပင်ဖြစ်ပါလိမ့်မည်။ ဒီတိုက်ပွဲကမတရားသောတိုက်ပွဲပင်..
ထို့နောက် မျက်လုံးအစုံက ပိတ်ချမိသွားပြီး ရောက်ရှိသွားတာက အမှောင်ထုကြီးရှိရာတစ်နေရာဆီသို့

ကျွန်တော်ကားကို တစ်ခါမှ မမောင်းဖူးသော အရှိန်မျိုးနှင့်မောင်းနေခြင်းဖြစ်သည်။ ပူလောင်နေသောစိတ်အစဉ်က နှစ်ဆ ဖြစ်လာခြင်းမှာ ကောင်းဆက်ဆီက ဖုန်းကြောင့်ပင်....။ ငယ် အလျင်စလိုထွက်သွားခြင်းက ဒေါ်မိုးကလျာဆိုသည့်မိန်းမနဲ့ ထိပ်တိုက်တွေ့ဖို့တဲ့.....။ နှလုံးခုန်နှုန်းဟာ တဒိတ်ဒိတ်နှင့်ဖြစ်နေပြီး ကျွန်တော် နောက်မကျပါစေနှင့်ဟု ဆု‌တောင်းရန်သာ....

ကျွန်တော် လင်းညိုဆီ ဖုန်းဆက်မိသည်။
ကျွန်တော့်တစ်ယောက်တည်းအားနှင့်မမျှ ။ ဒေါ်မိုးကလျာဆိုသည့်မိန်းမက အလွန်လည်သည်။ သူ့ယုံကြည်ဖို့ရာလှည့်ပြောရန်မှာ ကျွန်တော့်တာ၀န်ဖြစ်ပြီး ကိုးလ် ကိုခေါ်ထုတ်ဖို့မှာ လင်းညိုတာ၀န်ပင် ။ ကိုးလ် ဘာမှမဖြစ်ပါနဲ့ တစ်ခုခုဆို ဒီကောင် ကိုယ့်ကို ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ။ အပြစ်တွေကို ပေးဆပ်တယ်လို့ဘဲ သဘောထားလိုက်ပါ့မယ် ထို့ကြောင့် အပြစ်သား ဒီကောင်က ကိုးလ် ကို ကာကွယ်ပေးခြင်းမဟုတ်ဘဲ အပြစ်ခံယူခြင်းလို့ ယူဆပေးပါ....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဗွမ်း "

ကျွန်တော့်မျက်နှာပေါ်ထိစပ်လာတဲ့အေးစက်စက်အရာ ။ ခန္ဓာကိုယ်က ရုန်းမရပေ ထို့ကြောင့်မျက်လုံးအစုံကို လေးပင်စွာပင် ဖွင့်လိုက်မိသည်။
မျက်လုံးဝေ့ကြည့်လိုက်တော့ ဘေးမှာတွေ့ရတာက ဒဏ်ရာအပြည့်နှင့် အဖေ...။

ညှို့Where stories live. Discover now