"လင်းညို"
"အင်းပြောလေ ကိုယ်နားထောင်နေတယ်"
"မင်း ငါ့ကို ကြိုက်နေတာလား"
ရုတ်တရက်မေးလိုက်တော့ ကျွန်တော်ကြောင်သွားသည် ကျွန်တော့် အဖြစ်က အရမ်းကိုသိသာလွန်းနေလား စွာတေးစိတ်ဆိုးသွားပြီလား ကျွန်တော့်ကိုမုန်းသွားပြီလား ခေါင်းထဲမှာအတွေးပေါင်းစုံနဲ့ ရှုပ်နေသည်
"မ မဟုတ်ပါဘူး ဘာလို့လဲ"
ကျွန်တော်ဖြေလိုက်တော့ စွာတေးက အတန်ကြာအောင်ကြည့်နေပြီးမှ
"မင်း တော်တော် သတ္တိမရှိတာဘဲ လင်းညို"
"နီကိုးလ် က ဘာကိုဆိုလိုချင်တာလဲ"
"ဘာမှမဟုတ်တော့ပါဘူး"
စွာတေး ပြောလိုက်တော့ ကျွန်တော့်စိတ်ထဲ
နည်းနည်း ကသိကအောက်ဖြစ်သွားသည်
သတ္တိကြောင်တာမဟုတ်ပါဘူး စွာတေးရယ် ဖွင့်ပြောလိုက်ရင်ရော စွာတေးက လက်ခံမှာတဲ့လား နှစ်ဦးနှစ်ဖက်အနေရခက်ရုံကလွဲပြီး ခုရှိနေတဲ့ ဆက်ဆံရေးလေးပျက်သွားမှာစိုးလို့ပါ"အော် လင်းညို "
"အင်း ပြောလေ"
"နီကိုးလ် မင်းငါ့အိမ်မှာလာနေလို့ရတယ်"
"ဟင် ကောင်းဆက်"
"ဟုတ်တယ် ငါ့ညီမဖုန်းဆက်တယ် သူ့သူငယ်ချင်းတွေနဲ့ ခရီးသွားမလို့တဲ့ အဲ့တော့ မင်းလာနေလို့ ရတယ်"
"ဟုတ်လား အဲ့ဒါဆိုလည်း ပြီးရော်"
"လင်းညို ခဏက ပြောစရာရှိတယ်ဆိုတာ မင်းတိုက်ခန်းမှာ ခဏ နေခွင့်တောင်းမလို့ ခုတော့ ကောင်းဆက်အိမ်ဘဲ သွားနေတော့မယ်နော်"
"အင်းပါ နီကိုးလ် အဆင်ပြေသလိုလုပ်ပါ ကိုယ့်တိုက်ခန်းမှာ လာနေချင်လည်း ရတယ်နော် အမြဲ welcome ပါ"
"အင်း"
စွာတေးရယ် စကားပြောရင် ရိုးရိုးလေးပြောပါလား အဲ့အပြုံးလေးတွေက ဒီလူကို ရူးအောင် ညှို့နေတယ် ကြာရင် ကိုယ်မခံနိုင်တော့ဘဲ မင်းကို ချစ်နေကြောင်း၀န်ခံမိတော့မယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ကောင်းဆက် ဘာစားစရာရှိလဲ"
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~