"ဟုတ်ပါပြီ ကိုးလ် က စိတ်မပူနဲ့ဆိုပြန်တော့ ပြောမယ့်စကားတွေ ရင်ထဲမှာဘဲ သိမ်းထားပါ့မယ် "
ကျွန်တော် သက်ပြင်းရှည်ကြီးကိုသာ အကြိမ်ကြိမ်ချနေမိသည်။ ဘယ်လိုလုပ်သင့်လဲ ? ကျွန်တော်အတ္တကြီးနေလား ? ကောင်းဆက်အပေါ် ပြောဆိုတာ လွန်သွားပြီလား ? အခြားသူသာဆို ငါက နင့်ကိုပြန်မချစ်နိုင်ဘူးနောက် လာမပတ်သက်နဲ့ လို့ပစ်ပစ်ခါခါ ပြောနိုင်ပေမယ့် ခုသူက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ။
မပြောရက် !!" တစ်ဖက်သတ်အချစ်ဆိုတာ မခံစားဘူးလို့မသိဘူးလား လို့ မင်းငါ့ကို ထင်လိမ့်မယ်။ သိတယ် အဲ့ခံစားချက်ကို နားလည်တယ် သေလောက်အောင် နာကျင်ရတယ်ဆိုတာလဲ သိတယ် ငါလဲ ခိုးချစ်ဖူးတာဘဲလေ ။ ဒါပေမယ့် နောက်ဆုံးမှာငါ့ရဲ့ right person ကိုတွေ့ခွင့်ရခဲ့တာဘဲမလား ? မင်းကရော ငါ့ကိုမေ့ပြီး ကောင်းတဲ့သူ ရှာဖွေလို့မရတယ်လေ ဒါကို ဘာကြောင့်နားမလည်ရတာလဲ ကောင်းဆက် !!"
"နှလုံးသားကမရတာ ကိုးလ် ရဲ့
ခုတောင်းပန်အောင်လာခဲ့တာက ကိုးလ် နဲ့အဲ့ကောင်ပုံတွေ ငါဖြန့်ခဲ့တာ အဲ့အကြောင်းကို ပြောချင်လို့ "ကျွန်တော်အားတင်းပြီးအမှန်တရားကို ၀န်ခံလိုက်မိသည်။ ကိုးလ် မျက်၀န်းတွေက အံ့ဩခြင်းပြည့်နှက်လျက်...ခွင့်မလွှတ်ပါနဲ့ကိုးလ်
"ဘယ်လို!! ကောင်းဆက်အဲ့ဒါဆို ငါ့အတွက်ရော မင်းထည့်စဉ်းစားဖူးလား ? မင်းချစ်တယ် ဆိုတာကြီးက မှားနေတာ !! မင်း ငါ့ကို မချစ်ဘူး "
"မဟုတ်ဘူး ကိုးလ် ကို ငါက ဟိုးငယ်ငယ်လေးကတည်းက ချစ်တာ "
"မင်းမှားနေပြီ !! မင်းက ငါ့ကို ဘဲ ပိုင်ဆိုင်ချင်ခဲ့တာ ငါ့ကိုမချစ်ဘူး တကယ်လို့ မင်းသာချစ်တယ်ဆို ဒီလိုအမှားမျိုးလုပ်ဖို့ ခေါင်းထဲတောင်တွေးခဲ့ပါ့မလား "
"အဲ့ဒါက ငါအဲ့ကောင်ကို မုန်းလွန်းလို့ ကိုးလ် သာ အဲ့လိုပြောဆိုခံရရင် အဲ့ကောင်က တိတ်တိတ်လေးထွက်သွားပေးမယ်ဆိုတာသိနေလို့ "
"ကောင်းဆက်!! တွေ့လား အဖြေကရှင်းနေပြီ ။ ငါမပြောဘူး မင်းကိုယ်တိုင်တွေးခဲ့တာ !! ငါဘာလို့ လင်းညိုကို ရွေးခဲ့လဲ ဆိုတာ အဖြေကအဲ့မှာဘဲ !! ဟုတ်တယ် သူက တိတ်တိတ်လေးထွက်သွားပေးမှာ ...ဒါပေမယ့် မင်းလွဲနေ တာက သူသတ္တိကြောင်လို့ ၊ ဒါငါ့ကိုမချစ်လို့ဆိုပြီးထင်နေ တာမဟုတ်ဘူး တကယ်တော့ သူငါ့ကို တန်ဖိုးထားလို့ အရမ်းချစ်လို့ အဲ့လမ်းကိုရွေးခဲ့တာ..။ ငါလေ ငါ့ဘ၀မှာ တစ်ခါမှ မရဖူးတဲ့ ခံစားချက်မျိုး သူ့ဆီက ရခဲ့တာ ဖော်ပြစရာမလိုတဲ့ သူ့ဂရုစိုက်မှုတွေကို ငါ့နှလုံးသားက အလိုလိုသိလာခဲ့ရတာ "
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~