part 25

173 8 0
                                    

"ရော့ ကလေးမ များများစား ဒါမှ များများ
ရစ်နိုင်အောင် "

"မ ကလည်း စက် က မရစ်ပါဘူးနော် စက် က မ ကိုချစ်လွန်းလို့ မ ဂရုစိုက်တာ ခံချင်လို့ ရစ်ချင်ယောင်ဆောင်တာပါ "

"အပိုတွေ "

"တကယ်ပါလို့ မွ အာ့ဆို ရုပ်ရှင်သွားကြည့်ရအောင်နော် နော် နော် "

"ကလေးမ သဘော "

"ရေး မွ "

ကျွန်တော့်ရှေ့မှာ ချစ်ကြည်နူးနေတဲ့ မအိမ်စည်နဲ့ စက် တို့ကို အားကျမိသည်။ လူတွေ ကြည့်နေလဲ ဂရုစိုက်စရာမလို ပေါ်ပေါ်ထင်ထင်ပင်...ကျွန်တော်တို့မှာတော့ လူကြားထဲ လက်တောင်မကိုင်ရဲခဲ့တဲ့အဖြစ် ။ဟူး ဒါတွေတွေးနေလည်း ဘာမှဖြစ်လာမှမဟုတ်ပါဘူး ဒါကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ အာရုံမထားဘဲ ဖျော်ရည်ကိုဘဲ ဆက်သောက်နေလိုက်တော့တယ် ။ ဒါပေမယ့် သိတယ်မလား ကျွန်တော်က အမြဲ ကို့ရို့ကားယားနိုင်တယ်ဆိုတာ....မျက်၀န်းနက်နက်တွေက ကျွန်တော့်ဘက်လှည့်ကြည့်လာတော့ ရှက်ကိုးရှက်ကန်းနဲ့  ပိုက်နဲ့မသောက်ဘဲ ခွက်နဲ့ မော့သောက်တော့ ဖျော်ရည်စက်တွေက အကျီရင်ဘတ်နားဖိတ်ပြီး ရင်ဘတ်ကို စိုသွားပါလေရော ။ ဘာလို့ သူ့ရှေ့မှာမှ ကို့ရိုးကားယားဖြစ်နေရတာလဲ ?? ထိုစဉ် ရင်ဘတ်နားရောက်လာတဲ့အထိအတွေ့ ။ သွေးကြောစိမ်းတွေနဲ့ လက်ဖမိုး ရှည်လျားတဲ့ လက်ချောင်းတွေက အကြည့်
မလွဲရက်စရာ

"ခုချိန်ထိ ကို့ရိုးကားယားနိုင်တုန်းဘဲ "

တိုးတိုးလေးပြောလိုက်ပေမယ့် ကျွန်တော် နားထဲ လော်စပီကာနဲ့ အော်ပြောနေသလိုပါဘဲ ။ အဲ့ဒီ ဩရှရှနဲ့ ဆူငေါက်တဲ့အသံ ကြားတိုင်း ရင်တွေ တဒုတ်ဒုတ်နဲ့ ခုန်နေတာမို့ပါ....ကျွန်တော် သတိလက်လွှတ်ငေးနေပြီးခါမှ

"ရတယ် ငါဘာသာငါ သုတ်မယ် "

"ရော့ အဲ့ဒါဆိုလည်း "

ပြောလိုက်တော့ တစ်သျှူးစ ကမ်းပေးလာတဲ့သူ
ကျွန်တော့် ဘယ်ဘက်ရင်က အင့်ခနဲဘဲ ။ ဟုတ်သား သူနဲ့ ကျွန်တော်နဲ့က လမ်းခွဲပြီးပြီလေ အရင်လို မသုတ်နဲ့ဆို သုတ်ပေးမှာဘဲ ဆိုပြီး ဇွတ် လုပ်ပေးတော့မှာမှ မဟုတ်တာ ။ ဒါပေမယ့် ဒီလိုဖြစ်လာပြန်တော့လည်း ရင်‌ထဲမှာ ဟာတာတာ။
နီကိုးလ် မင်းဘာဖြစ်ချင်နေတာလဲကွာ...သူက မင်းလက်လွှတ်လိုက်လို့ ကျန်ခဲ့တဲ့သူလေ
စိတ်တိုရင် ကိုယ့်ကိုဘဲ စိတ်တို

ညှို့Where stories live. Discover now