"ကျွန်တော်တို့ရဲ့အတိတ်ကအကြောင်းကို နားထောင်ရတာ ပျင်းနေပြီလား ? ကျွန်တော်ကတော့ ပြောရင်း ဟိုးအရင်ကအကြောင်းတွေပြန်တွေးမိတော့ ကြည်နူးမိတယ် ။ "
"ကိုးလ်လေးရော ကိုးလ်လေးကိုပြပါဦး "
"ခဏနော် "
"ငယ်ရေ ! ငယ် လာပါဦး "
"အင်....မဆူနဲ့ တိုတိုးနေပါဆို
စိတ်ဆိုးလိုက်ရမလား ""ကဲ အဲ့ဒါသာ ကြည့်ကြပါတော့ ငယ် က နဂါးပေါက်စလေးလေ အိပ်နေတယ် ကျွန်တော်တိုးတိုးလေးနေမှရတော့မယ် မဟုတ်ရင်သိတယ်မလား ကောက်စိန်အကြောင်းကို "
"အမယ်လေး လူရိုးကြီးက
ဒါကိုဘဲချစ်နေတာမလား ""ကိုးလ်လေးကို စက် နဲ့ဒို့ရဲ့ မင်္ဂလာလက်ဖွဲ့အဖြစ်
ပေးနိုင်မလား ""ငယ့် ကိုခေါ်ရင် ကျွန်တော့်ကိုပါတာ၀န်ယူရမှာဗျ ဒါဆိုရင်တော့ ပေးပါမယ် "
မအိမ်စည်ရဲ့ com ပင် ။ ကျွန်တော်ရယ်ရင်း ပြောလိုက်ပြီးမှ ကိုယ့်ကိုပြန်ရှက်ရပြန်သည်။
Commentတွေများစွာတက်နေသည်။ ထိုအထဲမှ ကျွန်တော့်မျက်လုံးထဲ ထင်းလာတဲ့ မန့် တစ်ခု ။"ကိုးလ် လေးနဲ့ပြန်အဆင်မပြေခင် တကယ်ဘဲ ကောင်မလေးတစ်ယောက်နဲ့ တွဲခဲ့တာလား "
ကျွန်တော်နှုတ်မှရေရွတ်မိတော့ ခပ်လှမ်းလှမ်းက စုတ်ဖွားလေး မျက်လုံးက လှုပ်ခတ်သွားတာအသိအသာ...။ ငယ် ဆိုသည်မှာ အဲ့လိုပါဘဲ ။ သိချင်ပြီဆို ဘယ်တော့မှ တိုက်ရိုက်မမေးဘဲ အဲ့လို တိတ်တိတ်လေး ခိုးနားထောင်နေတတ်တာ...။
ဒီ မန့်ပိုင်ရှင်ကို စိတ်မှ တိုးတိုးလေး ကျိန်ဆဲမိသည်။ ဟုတ်သည်လေ ဘယ်လိုဖြစ်လို့ ဒီမေးခွန်းကိုမေးတတ်ရတာလဲ ? သူလည်း
ပန်းမြတ်အတိုင်းပင် နည်းနည်းလေးမှ
အလိုက်မသိ ။ သို့ပေမယ့် ထိုမေးခွန်းကိုဖြေဖို့အချိန်ရောက်လာခဲ့ပြီ ..."အဟမ်း အမှန်တိုင်း၀န်ခံရရင် အဲ့တုန်းက ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်ရမလိုဖြစ်ခဲ့တာပေါ့ သိတယ်မလား အလိုက်မသိတတ်တဲ့ ဂျပုမလေးလေ... အဲ့ဒါနဲ့ ကျွန်တော်လည်း သူမနဲ့ စကားပြောရတာပေါ့ ။
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~