"ကဲ ပလာစတာတော့ ကပ်ပေးပြီးပြီ အခုရော
နာနေသေးလား""အင်း...နာနေသေးတယ်"
"အဲ့ဒါဆို ရွာချောင်းမှာ ရေသွားကူးလို့ မရတော့ဘူးဘဲ စစက ငယ့်ကို အဲ့နားရေချိုးဖို့ခေါ်သွား
မလို့ ဟူး...ခုတော့ ကိုယ်တစ်ယောက်တည်းသွား""မနာတော့ဘူး မနာတော့ဘူး ဒီမှာကြည့် အပြေးပြိုင်လို့တောင်ရနေပြီ ဒီအနာလေးက
ဘာမို့လို့လဲ သွားရအောင် ငါရော လိုက်မယ်""ဟားဟား တကယ့်ချစ်စရာလေးပါဆိုကွာ
ငယ့်ကို ခေါ်မှာပါ ကိုယ့်တစ်ယောက်တည်းမသွားပါဘူးဗျာ တကယ်လို့ ငယ် မလိုက်ဖူးဆိုရင်တောင် ကိုယ်လည်း မသွားတော့ဘူးလို့ ဆုံးဖြတ်ပြီးသား""ငါက လိုက်ချင်လွန်းလို့ မဟုတ်ပါဘူးနော်
တော်ကြာ ငါ့ လူရိုးကြီးက ရေခပ်အောင်လာတဲ့ လုံမပျိုတွေကို ငမ်းနေမှာစိုးလို့ ကိုယ်ရံတော် အနေနဲ့ လိုက်ခဲ့တာ""ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်ရံတော်လေးရယ်"
"ငယ် သွားရအောင်"
"လာပြီ လာပြီ သွားမယ်"
"ခစ် ခစ် ခစ် "
"လင်းညို ဘာ ရယ်တာလဲ"
"မရယ်ပါဘူး ဒါနဲ့ ကိုယ်မေ့သွားတယ် ငယ်က ပုဆိုး မ၀တ်တတ်ဘူးဆိုတာ
အဲ့တော့ ဘောင်းဘီနဲ့ရေကူးမှာပေါ့ ဟုတ်လား""ဟုတ်တယ်လေ ဘောင်းဘီနဲ့ ရေမကူးရဘူးလို့မှ ဥပဒေမရှိတာ"
"အဲ့ဒါဆို ရေချိုးပြီး လုံချည်ပြန်လဲရင်
ဘယ်လိုလုပ်မှာလဲ အင်....ဘောင်းဘီနဲ့ဆို လဲရခက်မှာနော်""မသိဘူးကွာ ရေကူးချင်တာဘဲသိတယ် လဲလို့မရလဲ အိမ်ရောက်မှလဲတော့မယ် ဒီတိုင်းရေစိုစိုနဲ့ ပြန်လာမှာပေါ့"
"ရေစိုစိုနဲ့ သူ့အိမ်ထဲပြန်လာလို့ကတော့
ဒေါ်ခင်မြိုင်က တုတ်ကြီးကြီးနဲ့ရိုက်လိမ့်မယ်""အန်တီက အဲ့လိုမျိုး မကြိုက်ဘူးလား.....
ဟူး.....စိတ်ပျက်လိုက်တာ ချောင်းထဲမှာ ရေချိုးချင်ပါတယ်ဆို ပုဆိုးကမ၀တ်တတ်ဘူး အဲ့တာ မင်းကြောင့် လင်းညို ""ဟောဗျာ ငယ် ပုဆိုးမ၀တ်တတ်တာ
ကိုယ့်အမှားပေါ့""ဟုတ်တယ် မင်းအမှား သူများကို ပုဆိုး၀တ်နည်းမှ မသင်ပေးတာကို မင်းက ငါ့ကို
မချစ်ဘူးထင်ပါတယ်"
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~