Part_1

547 21 0
                                    

တက္ကသိုလ် ဆိုတဲ့ ကျွန်တော် တက်ရမယ့်ကျောင်းကြီးကို ပထမဆုံး ခြေချမိတဲ့နေ့မှာဘဲ

"ဗွမ်း"

"ဟာ့ သွားပါပြီ ကားကို ဘယ်လိုမောင်းနေလဲမသိဘူး ပုဆိုးတွေတော့ ဗွက်တွေနဲ့ ညစ်ပတ်ကုန်ပြီကွာ"

ပထမဆုံး ကျောင်းစတက်တဲ့ရက်မှာဘဲ
ကျွန်တော့်အတွက် အဆင်မပြေမှုတွေနဲ့ ကြုံရတော့တာပါဘဲ ကျွန်တော့်ဘေးက ဖြတ်သွားတဲ့ ပြိုင်ကား အနီရောင်လေးကို ကျွန်တော် စိတ်အလိုမကျစွာ ကြည့်နေလိုက်တယ် အဲ့ဒီအချိန်မှာဘဲ တစ်ကျောင်းလုံးက မိန်းကလေးတွေရဲ့အသံတွေက အော်ကြီး ဟစ်ကျယ် ပလုံစီအောင်ထွက်လာ‌ပါလေရော

"နီကိုးလ် လာပြီ"

"အို ‌ဘယ်ဘ၀က ကုသိုလ်တွေကြောင့် အဲ့လောက်တောင် ချောမောနေရတာလဲ သူကအလှ နတ်ဘုရားဘဲ"

"အိုး အကြည့်တွေက ရူးလောက်တယ် ငါ့ရဲ့နှလုံးသားလေးတော့ အရည်ပျော်သွားပါပြီ"

ပြောတော့လည်းပြောချင်စရာ ကားပေါ်ကဆင်းလာတဲ့ နီကိုးလ် ဆိုတဲ့တစ်ယောက်က ဖြူဖွေးသန့်နေပြီး ဆံပင်ကလည်း အညိုရောင်ကိုမှ အကျေကောက်ထားလိုက်သေးတယ် နေကာမျက်မှန်ကလည်း တပ်ထားတော့ မသိရင် ကျောင်းတက်အောင်လာတာမဟုတ်ဘဲ ဇာတ်ကားလာရိုက်နေသလိုဘဲ

သူ့ဟာသူ
ဘာကြီးဘဲဖြစ်နေနေ သူ ကျွန်တော့်ပုဆိုး ကိတ်စ ကို ပြန်တောင်းပန်ရမယ်

"ဒီမယ် ဆံပင်ကာလီထွေးနဲ့ နီကိုးလ်ဆိုတဲ့
တစ်ယောက်"

ခပ်ဩဩ အသံနဲ့ ကျွန်တော့်နာမည်ကို ခေါ်လိုက်တဲ့သူဆီ ကျွန်တော်လှည့်ကြည့်မိလိုက်တော့ ကျွန်တော် ရယ်ချင်မိသွားတယ် ဘယ့်နှယ်
ပုံစံကိုက တောစတိုလ်နဲ့ အခုခေတ်မှာ တက္ကသိုလ်ကို ထီးတကားကားနဲ့ လွယ်အိတ်
ဘုထုံး ပြီး တိုက်ပုံနဲ့လာတာ သူတစ်ယောက်ဘဲရှိမယ်ထင်တယ် ငါ့ကိုများ ဆံပင်ကာလီထွေးကောင်တဲ့

"ဒီမယ် ခေါ်နေတာမကြားဘူးလား"

"ပြောပါ ဘာများပြောမလို့လဲ ကျွန်တော့်မှာ အချိန်သိပ်မရှိဘူး"

"ဒီကိတ်စအတွက် မင်းဘယ်လို တာ၀န်ယူမှာလဲ"

ခြေမျက်စိ နားကဗွက်အနည်းငယ်ပေနေတဲ့
ပုဆိုးစကို လက်ညှိုးနဲ့ထိုးပြီး လာပြနေတဲ့သူကို ကျွန်တော် ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး ဒီဟာလေးအတွက်နဲ့ လူကို ဒေါကြီးမောကြီး လာပြောနေတာပေါ့လေ

ညှို့Where stories live. Discover now