"သည်းငယ်ရေ ကိုယ့်သည်းငယ်လေးရေ
ထတော့လေ ကားပေါ်ရောက်မှပြန်အိပ်နော် တော်ကြာ ကားမမှီဘဲနေမယ်""အင်.....ငါးမိနစ်ဘဲ"
ဟော လုပ်ပြန်ပြီတွေ့လား
ကောင်းပြီလေ ဒီလိုနိုးလို့မှမရတော့"ရွတ်"
"ခစ် ခစ် ခစ် လင်းညို တော်တော့ လည်ပင်းကိုနမ်းရင် ယားပါတယ်ဆို"
"မရဘူး မထမချင်းနမ်းမှာဘဲ"
"ခစ် ခစ် ထပြီ ထပြီ ဟုတ်ပြီလား"
"မျက်နှာ မြန်မြန်သစ် ကိုယ် သွားဖို့ အဆင်သင့်စောင့်နေမယ်"
"ဟုတ်ကဲ့ပါ ဗျ"
"မနက်ခင်း အစောကြီး ဒီလူကို အူယားအောင်လုပ်နေတာလား ထပ်နမ်းလိုက်ရ"
"ပြေးပြီ လင်းညိုရေ"
"ဟားဟား"
ချစ်ရသူနဲ့အတူနိုးထရတဲ့ မနက်ခင်းက အဲ့လိုရယ်မောသံတွေနဲ့ပြည့်နေတတ်တာလား??
"လင်းညို မင်းအိတ်ကလဲ အကြီးကြီးဘဲ လက်ကသယ်လာရတာ မညောင်းဘူးလား"
"မညောင်းပါဘူးဗျာ"
ကျွန်တော့်လူရိုးကြီးပေါ့ဗျာ တစ်ခုခုထူးဆန်းနေတယ် ညဆို ကျွန်တော် တစ်ရေးနိုးလည်း သူက အိမ်သာထဲမှာဘဲ ကျောင်းမှာဆိုလဲ တကုပ်ကုပ်နဲ့ တစ်နေရာရာသွားမယ်ဆိုလဲ မလိုက်ဘူး
ဒါပေမယ့်ကျွန်တော် အရင်ကလို မမေးတော့ပါ ဘာလို့ဆို ကျွန်တော် သူ့ကိုယုံတယ် သူကိစ္စတစ်ခုခုရှိလို့နေမှာပါလို့ဘဲ ဖြည့်တွေးပေးလိုက်တယ် ဒီလို အသေးအဖွဲလေးတွေကစ လိုက်ပြီး ပိတ်ပင်နေတာတော့ မကောင်းဘူး
မဟုတ်လားလေ"ပြီးရော လေ့လာရေးခရီးထွက်တာမဟုတ်ဘဲ အိမ်ပြောင်းလာတယ်လို့ ထင်ခံရမှာစိုးလို့"
"ဟားဟား ကိုယ့်သည်းငယ်ကတော့ ပေါက်ပေါက်ရှာရှာသိပ်ပြောတတ်တယ်ကွာ
အဲ့လိုပြောတာလေးကိုဘဲ ဒီလူက ချစ်နေတော့ ခက်တယ်""ဟွန်း.....အပိုတွေ"
အပိုတွေလို့ပြောနေပေမယ့်လည်း ချစ်ရသူရဲ့နှုတ်ခမ်းမှာ အပြုံးလေးကို ဖြတ်ခနဲ မြင်လိုက်ရပါသည်
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~