Part 15

188 8 0
                                    

"ငယ် အိပ်ချင်ရင် ကိုယ့်ပု‌ခုံးပေါ်မှီအိပ်လေ ဇက်ကြောတွေ နာနေမယ်"

ကျွန်တော် ပြုံးလိုက်မိသည် သူက ဟိုတစ်ခါ ဘတ်စ်ကားပေါ်က ကိစ္စကို မှတ်ထားပုံဘဲ

"အင်း"

ဂွီ ဂွီ ဂွီ

"ငယ် ဗိုက်ဆာနေတာလား"

ဟုတ်သား မနက်က ဘာမှမစားရသေးဘဲကို ကားဆရာကလဲ ထမင်းစားဖို့ ရပ်ပေးမယ့်
ပုံမတူဘူး

"ရော့ မုန့်လေးစားလိုက်"

"ဟင့်အင်း ရွာရောက်မှ မေမေ ချက်ကျွေးတာစားမှာ"

"ငယ် ဘယ်လိုပြောလိုက်တယ်"

"မေမေချက်ကျွေးတာစားမယ်လို့ပြောတာလေ
ဘာလို့လဲ မေမေလို့ ခေါ်တာ မနာလိုဘူးလား
အခုမဖြစ်သေးလဲ နောက်တော့ဖြစ်လာမှာဘဲဟာ
အဲ့တော့ ကြိုခေါ်ထားလိုက်တာ"

ကျွန်တော် ဘာမှမပြောနိုင်တော့ဘဲ သိပ်
တတ်လွန်းတဲ့ အကောင်ပေါက်လေးကို ကြည့်ရုံသာ တတ်နိုင်တော့သည်

"အဲ့ဒါတော့ အဲ့ဒါပေါ့ ငယ်ရယ် ဒါပေမယ့် ခု
ဗိုက်ဆာနေတာမလား ရွာရောက်ဖို့က
လိုသေးတယ် ပြီးတော့ ဆိုင််ကယ်ပါစီးရဦးမှာ

ငယ် ပင်ပန်းနေမှာစိုးလို့ ပေါင်မုန့်
နည်းနည်းလေးစားထားလိုက်နော်"

"ဟင့်အင်း"

"ငယ် မဆိုးနဲ့ကွာ"

"ဘယ်မှာဆိုးလို့လဲ"

ဒီပေါက်စနဲ့ ကျွန်တော်နဲ့တော့ ခက်ပြီ


"လင်းညို "

"ငယ် အန်ချင်တာလား ခဏ ခဏ
ရပြီ ဒီထဲ အန်လိုက်"

"ဝေါ့ ဝေါ့"

ကျွန်တော်ကျောကို ပွတ်ပေးရင်း တတွတ်တွတ်နဲ့ပြောနေမိသည်

"ကဲ ခုတော့ ဖြစ်ပြီမလား ဒီပေါင်မုန့်လေးကို စားပါလို့ပြောတာကို စကားနားမထောင်ဘူးနော် ငယ်

ကိုယ် စိတ်ဆိုးတယ်
ခုရော ဘယ်လိုနေသေးလဲ သက်သာပြီလား ရော့ရေလေးသောက်လိုက်ဦး"

"လင်းညိုရာ အခုဟာက ငါကအဖွားကြီး
မဟုတ်ဘဲ မင်းဖြစ်နေပြီ ပွစိပွစိနဲ့ပြောဘဲ
ပြောနိုင်လွန်းတယ် နားထဲမှာပေါက်ပေါက်ဖောက်နေသလိုဘဲ"

ညှို့Where stories live. Discover now