Part 12

210 11 0
                                    

"ကဲ ဒီနေ့ကတော့ ဒီလောက်ဘဲ"

ဆရာစာသင်ပြီးထွက်သွားတော့ စီနီယာ အစ်ကို အစ်မတွေ အတန်းထဲ၀င်လာပြီး

"ဒီအခန်းထဲက တောင်တက်အဖွဲ့ထဲ ၀င်ထားတဲ့သူတွေ အာရုံစိုက်ပြီး နားထောင်ပေးကြပါ ဆောင်းရာသီလည်း ရောက်လာပြီဆိုတော့ အစ်မတို့ တောင်တက်တဲ့အဖွဲ့တွေအတွက်  trip လေးတစ်ခုစီစဥ်ထားတယ်"
"Yay !!!!!wow!!!!!"

"ရှူး ခဏ နားထောင်ပါဦး  အစ်မတို့
ရှမ်းပြည် ကို သွားဖို့ စီစဉ်ထားတယ် လေးရက်အိပ် ငါးရက် ခရီးစဉ်ပေါ့ အဲ့တော့
အိမ်ကမလွှတ်တာတို့ အကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်တဲ့သူတွေရှိရင် ခုကတည်းက ပြောထားပေးပါ ခရီးကိုတော့ တဘက်ခါလောက်သွားဖြစ်မယ် ကျောင်းက ကားစီစဉ်ပေးထားတာမို့ မနက် ၆:၀၀ကျောင်းရှေ့မှာ စောင့်နေကြပါ
ဒါပါဘဲ"

"Yay နီကိုးလ်  ကောင်းဆက် လင်းညို
မင်းတို့ လိုက်မှာမလား "
"ငါကတော့ လိုက်လို့ရမယ်မထင်ဘူးကွာ အိမ်မှာ ညီမလေး ရှိနေတော့လေ ပြီးတော့ ခရီးက ၅ရက်ကြီးဆို‌တော့ သူ့ကို အိမ်မှာတစ်ယောက်တည်း စိတ်မချဘူးကွ"
"ဟူး!!!!မင်းမှာကလည်း မင်းညီမက မူကြို ကျောင်းသူလေးမဟုတ်ဘူး‌နော် အရွယ်ရောက်နေပြီ"

ကောင်းဆက်က မျက်စောင်းနဲ့ကြည့်လာတော့ စကားလမ်းကြောင်းလွှဲမှဖြစ်တော့မယ် အဲ့ကောင်က သူ့ညီမထိရင် သူငယ်ချင်းတောင်ရှောင်တာမဟုတ်ဘူး 

"အေးပါကွာ မလိုက်နိုင်ဘူးဆိုတော့ ဘယ်တတ်နိုင်မလဲ နီကိုးလ်
လင်းညို မင်းတို့တော့ လိုက်မှာမလား"

ကျွန်တော် လင်းညိုကိုကြည့်လိုက်တော့  ဇေယျ ပြောနေသည်ကို ဂရုတောင်မစိုက်  ဖုန်းတစ်လုံးနဲ့ ဘာတွေ တကုပ်ကုပ်လုပ်နေလည်း မသိ ကျွန်‌တော် ချောင်းကြည့်လိုက်တော့ ဖုန်းကို
မြန်မြန်ပိတ်ချလိုက်ပြီး ကျွန်ဝော့်ကို ရယ်ပြလာသည် အင်းလေ ငါတို့တွဲတာ တစ်လကျော်ကျော်လောက်ဘဲရှိသေးတာ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စအလုံးစုံကို ငါ့ကိုပြောပြချင်မှာမဟုတ်ဘူး
အဲ့လောက်တော့ ငါ စည်းစောင့်ရမယ် ဒါပေမယ့် ငါကသူ့ချစ်သူလေ ဒါလေးတော့ပြောသင့်တယ်မလား

ညှို့Where stories live. Discover now