Part 14

180 9 0
                                    

~‌အေးမြတဲ့ ဆောင်းတစ်ညမှာ
မီးရောင်ထိန်ထိန် လူအများနဲ့
သီချင်းလေးနဲ့ စောင်းမြောင်းဆို
အသည်းထဲ နွေးထွေးသွားရမယ်
စုံတွဲတွေနဲ့လေ တကယ်
အားကျလို့ စောင့်နေမယ်
သီချင်းလေးတစ်‌ခေါက်ဆုံးသွားရင်
ပြောစရာတွေတွေးရင်း ကိုယ့်အလှည့်ကွယ်
ပြောစရာတွေတွေးရင်း ကိုယ့်အလှည့်ကွယ်~

"ဝိုး ဝိုး ဖြောင်း ဖြောင်း ဖြောင်း"

ဒီညက တောင်ကြီးမှာ နောက်ဆုံးဖြတ်သန်းရတဲ့ညမို့  မီးပုံဝိုင်းမှာ လူတွေစုပြီး ပျော်ပွဲစားလုပ်နေကြခြင်းဖြစ်သည် ချစ်ရသူကတော့ ကျွန်တော်ပေးတဲ့ မာဖလာလေးနဲ့ အပြုံးနုနုလေးနဲ့ တကယ့်ကို ငေးကြည့်ရလောက်အောင် ချစ်ဖို့ကောင်းနေတာ

"လင်းညို ဘာလို့ ငါ့ကို ကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး ချစ်ဖို့ကောင်းလွန်းလို့"

"ဖြစ်ရမယ် နေ့တိုင်းကြည့်နေရတာတောင်
မရိုးဘူးလား"

"ဟင့်အင်း မရိုးပါဘူးဗျာ ကိုယ့်မှာ
ကြည့်လို့တောင် မ၀ ဖြစ်နေတာ ပင်လယ်ရေက သောက်လေသောက်လေငတ်မပြေ
သည်းငယ် မျက်နှာလေးက ကြည့်လေကြည့်လေ ပိုကြည့်ချင်လေ"

"လူတွေ အများကြီးရှေ့မှာ ကြည့်နေတော့ ငါရှက်တာပေါ့ကွ"

"လာ ရှက်ရင် ဟိုးနား လမ်းသွားလျှောက်ရအောင် အဲ့နားမှာ ဘယ်သူမှမရှိဘူး
အစာလည်းကြေသွားတာပေါ့ သည်းငယ် ပါးစပ်ပိစိလေးက စားထားတာ နည်းတာမှမဟုတ်တာ"

"ဘာလဲ ငြိုငြင်တာလား အရင်လို မချောတော့ဘဲ ဗိုက်ကြီးပူလာရင် မင်းက ငါ့ကို ထားခဲ့မှာလား"

"ဟောဗျာ ဖြစ်ရပြန်ပြီ ကိုယ်က ငယ် အစာမကြေဘဲ အီလည်လည် ဖြစ်နေမှာကြောင့်ပြောတာပါ
ပြီးတော့ ဗိုက်လေးပူလာလဲ ကိုယ်က
အဲ့ဗိုက်လုံးလုံးလေးကို ဆက်ချစ်နေဦးမှာပါဗျ
ဘာလို့ဆို ကိုယ်က ငယ့်ရဲ့ ရုပ်ရည်ကို သဘောကျလို့ ချစ်မိတာမဟုတ်ဘဲ ငယ် ဖြစ်နေလို့လေ ဟောဒီက နီကိုးလ် ဆိုတဲ့ ငယ် ဖြစ်နေလို့"

"လူကို အပြောတွေနဲ့ တော်တော် ခြွေတာနော်
လျှာရိုးမရှိတိုင်းလျှောက်ပြောနေ"

ညှို့Where stories live. Discover now