နေရောင်ခြည် နုနု အောက်မှာ ကျွန်တော်
နိုးထလာခဲ့တယ်
အာ ကျွတ် ကျွတ် ခေါင်းတွေ ကိုက်လိုက်တာ
ဘေးကို လက်နဲ့ ရှာဖွေကြည့်တော့ ဘာအရာမှ
ရှိမနေခဲ့ ကျွန်တော် ရုတ်တရက် မျက်လုံးဖွင့်ပြီး ထ ထိုင်လိုက်တယ် ပြီးတော့ စိုးရိမ်တကြီးနဲ့ ခေါ်လိုက်တာက မြတ်နိုးရသူရဲ့ နာမ်စားလေး"ငယ် "
အ၀တ်တွေလည်း မရှိတော့ ကျွန်တော့် စိုးရိမ်စိတ်က နှစ်ဆ ဖြစ်လာသည်။
"ငယ်.."
ငယ် ဆိုတဲ့ နာမ်စားလေးကို ခေါ်ရင်း မျက်ရည်တွေပါကျလာမိသည်။ ကျွန်တော် က ယောက်ျားတစ်ယောက် ဖြစ်တဲ့အပြင် လွယ်လွယ်နဲ့ မျက်ရည်မကျတတ်သူတစ်ယောက်ပါ ဒါပေမယ့် ငယ် ကတော့ ချွင်းချက်ပေါ့ ငယ်ထားခဲ့မှာ ကျွန်တော် အရမ်းကြောက်ပါသည်။ ဒါတောင် ငယ်က ကျွန်တော့်ကို ထားသွားတယ်တဲ့ ကတိမတည်တာကို မကြိုက်တဲ့ ကျွန်တော့်ငယ်က ကတိတွေပေးပြီး ကျွန်တော့်ကို ထားသွားတယ်တဲ့
အံ့ဩဖို့ ကောင်းလိုက်တာဗျာ....ဘာ အကြောင်းကြောင့် ဆိုတာလည်း
ရေရေရာရာ မရှိဘဲ ထားသွားရက်တယ်
ကျွန်တော့်ကို အပျော်တွဲခဲ့တာတဲ့ ဟင့်အင်း ကျွန်တော် မယုံဘူး နှစ်ယောက်ကြားမှာ အတူရှိခဲ့တဲ့ အမှတ်တရတွေ အချိန်တွေမှာ ငယ်
ဟန်ဆောင်ခဲ့တယ် ဆိုတာ မယုံဘူး။ကျွန်တော် အားအင်မရှိသလို ကုတင်ခြေရင်းမှာ ခွေလဲကျမိသွားတယ် ဒါဟာ
ရုတ်တရက်ဆန်ဆန် ခွဲခွာခြင်းမျိုးလား??ကျွန်မ အပေါ်ထပ်က အသံကြားတော့ အမြန် ပြေးတက်လာမိတယ် အခန်းတံခါးဖွင့်ပြီး မြင်လိုက်ရတာက မျက်ရည်ရွှဲလဲနဲ့ ငူငူကြီးထိုင်နေတဲ့သား...
"သား"
ကျွန်မ ခေါ်လိုက်တော့ တစ်ချက်သာ လှည့်ကြည့်ပြီး ငေးမြဲတိုင်း ငေးဆဲ
"သား...လင်းညို အမေလေ သားရေ အမေ့ကို ကြည့်ပါဦးနော် သား..."
ဘယ်လိုခေါ်ခေါ် လှည့်မကြည့်လာ
သားရယ် အဲ့ကလေးကို အဲ့လောက်တောင်
ချစ်တာလား??ကျွန်တော် ဘေးက ဘာအသံမှ မကြားတော့...
မဟုတ်ဘူး ဘာမှကို နားမထောင်ချင်တော့တာ
ငူငိုင်ငိုင်ကြီး အချိန် အတော်ကြာအောင်
ထိုင်နေမိခဲ့တယ် ထင်ပါရဲ့ အဟက်
အခု မယုံချင်ပေမယ့် ကျွန်တော် ယုံရတော့မယ်
ငယ် ကျွန်တော့်ကို တကယ် ထားသွားတာ...
ဒါဟာ အိပ်မက်တစ်ခုဆိုရင် သိပ်ကောင်းမှာဘဲ
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~