စွာတေးကောင်းမှုနဲ့ Basketball ထဲမ၀င်ရဘဲ တောင်တက်အဖွဲ့ထဲ၀င်လာခဲ့ရတာပေါ့လေ ဘယ်လိုကောင်လေးမှန်းကို မသိဘူး ခဏ ကျွန်တော် သူ့အကြောင်းကို တွေးရင်း ပြုံးနေမိတာလား တော်ပြီ တော်ပြီ မတွေးတော့ဘူး ဟူး
"ဒီနေ့ကတော့ ဒီလောက်ပါဘဲ "
"ရေး အတန်းပြီးပြီ လင်းညို Canteenသွားမလို့ လိုက်ဦးမလား"
"မလိုက်တော့ပါဘူး ဒါနဲ့ စွာတေး မဟုတ်ဘူး
နီကိုးလ် ကိုလည်း မတွေ့မိပါလား""ဟုတ်တယ် ဖုန်းဆက်လို့လည်း မကိုင်ဘူး အဲ့ကောင်ကအဲလိုဘဲ သူကျောင်းပျက်ချင်ပျက်တယ် လာချင်လာတယ် ညက game ဆော့တာများပြီးအိပ်နေမှာပေါ့ ဒါမျိုးတွေရိုးနေပြီ"
"ဒါနဲ့ အဲ့လိုလုပ်တော့ သူ့မိဘတွေက မဆူဘူးလား"
"လင်းညို ငါတို့ပြောပြတယ်လို့ မပြောနဲ့နော် ဒီလိုကွ နီကိုးလ်အမေက ငယ်ကတည်းက ဆုံးသွားတာ အဲ့သူ့အမေဆုံးတာတောင် သူ့အဖေက တခြားမိန်းမတွေနဲ့ ဖောက်ပြန်နေတယ်လေ
အဲကတည်းက နီကိုးလ်က သူ့အဖေကို မုန်းနေတာ ပြီးတော့ သူ့အဖေကလည်း သူ့ကို သေချာ
ဂရုမစိုက်ဘူးလေ ငါ့အထင်တော့ သူတို့ တစ်လလုံးနေတောင် စကားတစ်ခွန်း ပြောပါလေလား မသိ နီကိုးလ် ပိုက်ဆံလိုရင် သူ့ ဘဏ်အကောင့်ထဲ ထည့်ထားပေးတယ် အဲ့လောက်ဘဲ သူ့အဖေက အိမ်လည်း သိပ်ပြန်မလာဘူးလေအဲ့တော့ သူ့အိမ်မှာ သူနဲ့ ဟင်းချက် အဒေါ်ကြီးရယ်ဘဲ ရှိနေတတ်တယ် တကယ်တော့ နီကိုးလ်က သနားစရာပါ"ဒါကြောင့် ပထမဆုံးစတွေ့တုန်းက မင်းမိဘတွေမသင်ထားဘူးလားလို့မေးတော့ စွာတေးဒေါသထွက်သွားတာကိုး
" ဒါနဲ့ သူ့အိမ်ကဘယ်နားမှာလဲ ပြောပြလို့ရမလား အဆင်ပြေရင်သူ့ ဖုန်းနံပါတ်ရော
သွားကြည့်မလို့လေ နေမကောင်းတွေဘာတွေ ဖြစ်နေမှာစိုးလို့""သူ့အိမ်က ××××ရပ်ကွက် အိမ်နံပါတ်က ၃၀၆
ဖုန်းနံပါတ်က ၀၉.××××××××× ""ကျေးဇူးပဲကွာ"
ကျွန်တော် ထူးထူးခြားခြား စိတ်ပူနေမိတယ်
နီကိုးလ်မရှိဘဲ ကျောင်းတက်ရတဲ့နေ့တာဟာ ကြာရှည်လွန်းနေသလိုဘဲ မြင်တွေ့နေကြ
စူပုတ်ပုတ် မျက်နှာလေးကို မမြင်ရတော့
ရင်ထဲဟာတာတာနဲ့ ကျွန်တော် နီကိုးလ်ကို တကယ်ကြီး သဘောကျနေမိပြီလား သူမရှိဘဲ တစ်ရက်တောင် မနေနိုင်တော့တာလား
မဟုတ်ဘူး အဲ့လိုမဖြစ်နိုင်ဘူး သူငယ်ချင်းမို့ပါ သူငယ်ချင်းမို့ စိတ်ပူတာပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝါး ခြံကြီးက အကျယ်ကြီးဘဲ အိမ်ကြီးကလည်း ခမ်းနားလိုက်တာ ကျွန်တော် တုံ့ဆိုင်းမနေဘဲ လူခေါ်ဘဲလ် ကို နှိပ်လိုက်သည်
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~