အခန်းလေးအတွင်းမှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ ပထမဆုံးအသံလေး
"လင်းညို"
"အင်း ငယ် ပြောလေ"
လင်းညိုရဲ့ အသံက တစ်ခုခုဆုံးရှုံးရမှာကြောက်နေသလိုမျိုး ပုံစံကြည့်တာနဲ့တင် ဘယ်လောက်စိတ်ရှုပ်နေမယ်ဆိုတာ ခန့်မှန်းလို့ ရပါသည်။
"စက်ဘီး စီးရအောင် ငါ မင်းနဲ့ အတူ
စက်ဘီးစီးချင်တယ်""ဟုတ်ပြီ ငယ် ဟို ကိုယ့် အိမ်မှာတော့ မရှိဘူး
ဗူးသီးတို့ဆီ သွားငှားလိုက်မယ် ခဏ
စောင့်ပေးပါဦးနော်""အင်း..ဖြည်းဖြည်းသွား"
လင်းညို သွားနေစဉ်ခဏအတွင်း အန်တီရှိရာ အခန်းဆီ ကျွန်တော် လျှောက်သွားလိုက်တယ်
"ဒေါက် ဒေါက်"
"သား လင်းညိုလား"
"ကျွန်တော်ပါ အဒေါ်"
"အေးကွယ် ၀င်ခဲ့လေ"
အဒေါ်က မျက်ရည်စို့နေပုံထောက်တော့ တစ်ယောက်တည်း ကြိတ်ငိုနေပုံရသည်။ စိတ်ချပါ ကျွန်တော်မရခဲ့တဲ့ ဂရုစိုက်မှုတွေ ခေါ်ခွင့်မရှိတဲ့ နာမ်စားလေးကို ပေးခေါ်ခွင့်ပြုတဲ့ အဒေါ့်ကို စိတ်ချမ်းသာစေရပါမယ်
"သား လာလေ ထိုင်ပါဦး"
"ဟုတ် အဒေါ်"
"မေမေ လို့ ခေါ်လည်း ရပါတယ်ကွယ်
အဒေါ်ခွင့်ပြုပါတယ်""ဟုတ် ကျေးဇူးပါ .....မေမေ"
"ဒါနဲ့ ဘာအကြောင်းရှိလို့လဲ လင်းညိုရော"
"ဟို ကျွန်တော်က လင်းညို မရှိခင် လာတာပါ သူက ကိုမင်းညိုဆီ စက်ဘီးသွားငှားတယ် သူသွားနေစဉ်အတွင်း မေမေ့ကို ပြောစရာရှိလို့ပါ"
"အော်....ဆိုပါဦးကွယ်"
"ကျွန်တော် ဒီက ပြန်ရင် လင်းညို ဘေးကနေ ထွက်သွားပေးပါ့မယ် ပြီးတော့ သူ့ကို နောက်ကျွန်တော်နဲ့ မပတ်သက်မိဖို့လည်း
ပြောထားပါ့မယ် "အဲ့လိုပြောလိုက်တော့ အမေ့မျက်နှာမှာ
၀မ်းသာရိပ်လေးတွေ ဖြတ်ပြေးသွားတယ်"ဒါပေမယ့် တစ်ခုတောင်းဆိုစရာတော့ရှိပါတယ်"
"သား တောင်းဆိုစရာက ဘာ ဘာများလဲကွယ်"
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~