Part 21

177 7 0
                                    

ငိုချလိုက်ပါ ငယ်
ကိုယ်ခံစားရသလို သည်းငယ်ကို ပြန်ခံစားရအောင်လုပ်ချင်ပေမယ့် ခုတော့ မလုပ်ရက်တော့ဘူး။ ဟိုးအရင်ကပြောခဲ့သလိုဘဲ ငယ် ပြိုလဲတဲ့အချိန်တိုင်း ကိုယ်ကငယ့်ဘေးမှာ အမြဲရှိနေမှာမို့ ကိုယ့်ရင်ခွင်ထဲ၀င်ပြီး ငိုချလိုက်ပါ

ဒေါက် ဒေါက် ဒေါက်

"အမယ်လေး ကိုကြီးရယ် အဟင့် အဟင့်"

တိတ်ဆိတ်နေတဲ့အတောအတွင်း ဒေါက်ဖိနပ်သံကြားရတော့ ကျွန်တော် မျက်လုံးဝေ့ကြည့်လိုက်သည်။  ချွဲပစ်နေတဲ့အသံကိုကြားရကတည်းက ဒေါ်မိုးကလျာဆိုတာ နှစ်ခါမှန်းစရာတောင်
မလိုပါ

"အဟက် ရောက်လာသေးတယ်နော် ကျွန်တော်က ရောက်မလာတော့ဘူးလို့တောင်ထင်တာ တစ်ယောက်တည်း အမွေတွေရတော့မယ်ဆိုပြီး အောင်ပွဲခံနေသလားလို့"

"အော်...ဘယ်သူများလဲလို့ ကိုယ့်အဖေတစ်ယောက်လုံး ခွဲစိတ်ခန်း၀င်‌နေ ရတာတောင်
မရှက်မကြောက် ဖက်ပြီး ချစ်ကြည်နူးနေတဲ့ သားလိမ္မာလေးဘဲ မတွေ့တာကြာပြီနော်အဟင်း"

"ဒီမှာ !!"

"အို! ဒို့က အမှန်ကိုပြောတာပါ အနာရှိလို့ စပ်သွားတာထင်တယ်"

"တောက် !!!ခင်ဗျား
အဖေ ခုလိုဖြစ်တာ ခင်ဗျား ပရောဂ
မကင်းဘူးမလား"

"အို!!ဒို့က ဘာမှမလုပ်ထားပါဘူးနော် လူကိုများ စွပ်စွပ်စွဲစွဲနဲ့ အမယ်လေး ကိုကြီးရယ် ထကြည့်ပါဦး ..ကိုကြီးမရှိတော့ရင် ကလျာက ဘယ်သူ့မျက်နှာနဲ့ နေခဲ့ရမှာလဲ အဟင့် ဟင့်"

"‌ကျစ် တိတ်တိတ်နေစမ်းပါဗျာ နမိတ်မရှိ နမာမရှိ
ခင်ဗျား ဒီလိုတွေပြောနေမယ်ဆို ပြန် သွား"

"ငယ် ..စိတ်လျှော့ပါ လာ လာ ဒီမှာထိုင်နေ"

"ဒီမှာ ဒေါ်မိုးကလျာ အန်ကယ်လ်က ပြန်ကောင်းလာမှာပါ ဒါ့ကြောင့် နမိတ်မရှိတဲ့ စကားတွေ မပြောဘဲနေလို့ရမလား"

"အဟက် ဂေး တစ်ယောက်က ငါ့ကို တရားလာဟောနေတာလား ဒီမှာ လူကြီးတစ်ယောက်ကို ဘယ်လိုပြောရမလဲဆိုတာ မသိဘူးလား အေးပေါ့လေ ယဉ်ကျေးမှုမရှိတဲ့ နီကိုးလ် ရဲ့ချစ်သူဆိုတော့ အဲ့လောက်‌တော့ ရှိမှာပေါ့"

ညှို့Where stories live. Discover now