"နီကိုးလ် နီကိုးလ် ထတော့လေ အတန်းမမှီဘဲနေမယ်"
"အင်း......၅မိနစ်ဘဲ ငါ ည က သိပ်အိပ်မပျော်လို့"
စွာတေး ငါးမိနစ်ဘဲလို့ ပြောပြောပြီးအိပ်နေတာ နာရီ၀က်လောက်တော့ ရှိရော့မည် အိပ်မပျော်လို့တဲ့ နားရှိလို့သာကြားရသည် အိပ်တာမှ ခရော
ခရောနဲ့ ဟောက်သံအကျယ်ကြီးပါ ကြားရတဲ့အထိတကယ်တမ်းအိပ်မပျော်တဲ့သူက ကျွန်တော်ပါ ကုတင်ပေါ်မှာ အိပ်ပါဆို မအိပ်ဘဲ ကျွန်တော်နဲ့အတူ လာအိပ်ပြန်တယ်လေအဲ့တော့ ဒီကလူက သူ့မျက်နှာလေးညလုံးပေါက် ကြည့်မိပြန်ရော ဟူး စွာတေးတစ်ယောက်နဲ့တော့ မဖြစ်တော့ဘူး ဒီတိုင်းဆို ကျွန်တော်ပါ အတန်းချိန်နောက်ကျသွားနိုင်သည် နောက်ဆုံး နည်းလမ်းထုတ်သုံးရတော့မယ်
ကျွန်တော် စွာတေး ခါးကို ကလိထိုးလိုက်တယ်
အမယ်အမယ် စွာတေးက ရယ်ချင်ရဲ့သားနဲ့ ရယ်လိုက်ရင် အိပ်ယာထရမှာမှန်းသိလို့ အောင့်ထားတာလေးက ချစ်စရာ"အော် ဘယ်လိုနှိုးနှိုးမရပါလား ကလိထိုးလည်းမရဘူး"
ကျွန်တော်တမင်သက်သက် အော်ပြောလိုက်ပြီး စွာတေးမျက်နှာကြည့်လိုက်တော့ မျက်ခွံလေးက လှုပ်နေတယ် တကယ်မလွယ်ဘူး နိုးနေရဲ့သားနဲ့ ဆက်မှိန်းနေတာ ကျွန်တော် ပြုံးလိုက်ပြီးတော့ စွာတေးကို ချီ လိုက်တယ်
"အား လင်းညို ဘာလုပ်တာလဲ"
မထချင်လို့ အိပ်ပျော်ချင်ယောင်ဆောင်ပါတယ်ဆို လူကို ရုတ်တရက်ကြီး ချီတော့ ပြုတ်ကျမှာစိုးတာနဲ့ သူ့လည်ပင်းကို အမြန်သိုင်းဖက်လိုက်ရသည်
"ဘာ့လို လာချီနေတာလည်း ပြုတ်ကျသွားရင် မင်းတာ၀န်ယူမှာလားပြော"
"အခုမပြုတ်ကျဘူးမလား နီကိုးလ်က ဘယ်လိုနှိုးနှိုးမရလို့ နောက်ဆုံးနည်းထုတ်သုံးလိုက်ရတာ"
"သိပြီ သိပြီ ခု အောက်ကို ချပေးတော့"
"ဟုတ်ပါပြီဗျာ"
"မပြောရင် ဘယ်အချိန်ထိ ချီထားမလဲမသိ အိမ်သာထဲရော လိုက်ပို့မှာကျနေတာဘဲ"
"လိုက်ပို့လည်း ဖြစ်တယ်နော်"
"အမယ်လေး "
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~