~ခရော ခရော ခရော~
အား နားတွေငြီးလိုက်တာကွာ နီကိုးလ်ဆိုတဲ့
တစ်ယောက်က ကာလနဂါး၀င်စားသလား မှတ်ရတယ် သူ့ကြည့်လိုက်ရင် တစ်ချိန်လုံး အိပ်နေတာဘဲ ဆရာ စာရှင်းပြလည်း တစ်လုံးမှလိုက်မမှတ်ဘူး နားငြီးမခံနိုင်တဲ့ အဆုံးမှာ ကျွန်တော်ကဘဲ"နီကိုးလ် နီကိုးလ် "
ဆရာ စာရှင်းပြနေလို့ ကျွန်တော်တိုးတိုးလေး လှုပ်နှိုးတယ် မရ ကောင်းပြီလေ မင်းက အဲ့လိုနှိုးလို့ မရမှတော့ ကဲ
"အား"
နီကိုးလ် အော်သံကြောင့် ဆရာက အစ တစ်တန်းလုံး နီကိုးလ်ဆီကို အာရုံစူးစိုက်လာကြတယ် အမယ် စွာတေးက အိပ်စုံမှုန်ဝါးနဲ့ ကျွန်တော့်ကို မျက်စောင်းတစ်ခဲခဲလာကြည့်နေသေးတယ် ကျွန်တော်လည်း ဘာလဲ ဆိုတဲ့ သဘောမျိုးနဲ့ မျက်ခုံးပင့်ပြလိုက်တာပေါ့
"နီကိုးလ် ဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူး ဆရာ ဟို ပုရွက်ဆိတ် လာကိုက်သွားလို့ပါ ဟီး"
"ထူးထူးဆန်းဆန်းပါလား ဘာမှမဖြစ်ဘူးဆိုလည်း ဟုတ်ပါပြီ ကဲ စာကို အာရုံစိုက်ကြ"
"ဒီမှာ ဘာ့လို့ ကျွန်တော့်ကို လာစွဲဆိတ်တာလဲ"
"မင်း ဟောက်နေတာ ကိုယ် စာကို အာရုံစိုက်လို့မရလို့ ကိုယ် မင်းကို လှုပ်နှိုးပါသေးတယ် မင်းမှမထဘဲ အဲ့တော့ နောက်ဆုံး စွဲဆိတ်တဲ့နည်းကို သုံးလိုက်တာ"
"ကျွန်တော့် ပါးစပ်နဲ့ ကျွန်တော် ဟောက်တာ ဘာဖြစ်လဲဗျာ"
"အမယ်လေး ကြည့်ပါဦး ပါးစပ်မှာကလည်း
အာပုပ်ရည်တွေနဲ့ ဆံပင်က နဂိုကမှ ကာလီထွေးပါဆို ခုကြက်မဥတွင်းကြီးလို ဖြစ်နေပြီ မျက်ချီး တွေနဲ့ လူကို ကစ်ကစ်လန်အောင် ပြန်ရန်တွေ့နေတာ ဘယ်သူပါလိမ့်""ခင်ဗျား"
ကျွန်တော့်ကို ကစ်ကစ်လန်အောင် ရန်တွေ့နေတဲ့ စွာတေးကို ဆက်ကြည့်နေလိုက်တယ် အမယ်သူက လွယ်အိတ်ထဲက မှန်ကို ထုတ်ပြီး ကြည့်နေသေးတာ သေချာကြည့်မိမှ စွာတေး ရဲ့မျက်လုံး လေးတွေက အညိုရောင်လေးဘဲ
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~