Part 20

179 8 0
                                    

"Tuu....Tuuu.....Tuu...."

"Hello "

Hello လို့ပြောပြီး အတန်ကြာအောင် ဘာမှပြောမလာတော့ စိတ်ကမရှည်ချင်တော့ လူက ပင်ပန်းပါတယ်ဆို ဖုန်းသရဲတွေဘာတွေလားမသိ

"ဖုန်းမှားနေတာလား နောက်ဆို သေချာကြည့်ခေါ်ဗျာ ဒီက အားတာမဟုတ်ဘူး ကိုယ့်အတွက်နဲ့ သူများကို အာရုံမနောက်စေနဲ့"

Tu..

ဘာလဲ ခုက ကျွန်တော် ဖုန်းခေါ်ရင်း လင်းညိုဆီက ဆူခံလိုက်ရတာလား ? တကယ်တော့ ကျွန်တော်က ခေါ်ပြီး ဘာပြောရမယ်မှန်းမသိလို့ အကြာကြီး စဉ်းစားနေတာကို တရားလာဟောသွားတယ် ကျွန်တော် ပြုံးမိပြန်တယ် အဲ့လို
ပွစိပွစိနဲ့ပြောတဲ့အသံကို နားမထောင်ရတာ အတော်ကြာပြီဘဲ

"Tuu.....Tuuuu ......Tuuuu"

ကြည့်လိုက်တော့ ခဏက ဖုန်းနံပါတ်ဘဲ ဒီတစ်ခါတော့ ဘယ်လို ခေါ်ခေါ် မကိုင်တော့ဘူး
ခေါ်ချင်သလောက်ခေါ်

You have a missed call from unknown number at 10:10 pm

ဖုန်း screen ပေါ် message ၀င်လာလဲ ဂရုမစိုက် ဒီက စာဖတ်နေပါတယ်ဆို အာရုံလာနောက်နေတာ ဘယ်ကကောင်တွေမှန်းမသိ အဲ့‌တော့ မျက်မှန်ကို ပြန်တပ်ပြီး စာဘဲ ဆက်ဖတ်နေလိုက်တော့တယ်

"Tuuu....Tuuu....Tuuu..."

message ၀င်နေတာ 10 ခါထက်တော့ ကျော်ရော့မည် နောက်တစ်ခေါက် ထပ်၀င်လာတော့ ကျွန်တော်ကိုင်လိုက်ရတော့သည်။

"Hello"
ဒီမယ် ဒါလူအိပ်ချင်ရောက်နေပြီဗျ ဘာလို့ ဖုန်းကို ဆက်တိုက်ဆက်‌နေရတာလဲ အလုပ်မရှိ အလုပ်ရှာ ဖုန်းကို ကလိ နေတယ် မေးပြန်တော့လည်း ပြန်မဖြေဘူး ကြောက်တောင်တောင်တွေလာမလုပ်နဲ့ လူက သိပ်စိတ်ရှည်တာမဟုတ်ဘူး"

"ခစ် ခစ် "

"ဒီမှာ ဘယ်သူ့ကို လာရယ်နေတာလဲ ကျွန်တော်ပြောတဲ့အထဲ ရယ်စရာပါလို့လား ဖုန်းနဲ့
နှောက်ယှက်မှု ဆိုပြီး တရားစွဲလိုက်မယ် ဘာထင်နေလဲ နောက် ဖုန်းဆက်လာလို့ကတော့ အတည် တရားစွဲမှာ ဒါဘဲ"

"ခဏ စိတ်လျှော့ပါ ဦးစိတ်တို"

"ဘာ ငါ့ကို ဦးစိတ်တိုလေး ဘာလေးနဲ့ မင်း က ဘာကောင်လဲ"

ညှို့Where stories live. Discover now