part 23

164 7 0
                                    

{note::hey yo မဖတ်ခင် Taylor Swiftရဲ့ enchantedလေးဖွင့်ထားပါ ဖတ်ရင်း အဲ့သီချင်းလေးနဲ့ အရှေ့က သူတို့ရဲ့ memoလေးတွေကိုပြန်တွေးရင်း ငိုကြရအောင်}

"Tuuu......Tuuuu...."

"ကျွန်တော် လင်းညိုပါ"

"အေးကွယ် မောင်လင်းညို...မင်းလည်း ဒီသတင်းတွေ မြင်ပြီး ကြားပြီးပြီလို့ထင်တယ်"

"ကျွန်တော် သိပြီးပါပြီ "

"အဲ့ဒါ အမှန်ဘဲလားကွယ် "

ကျွန်တော် ဘယ်လိုလုပ်သင့်လဲ ? မှန်တယ်လို့ ပြောလိုက်ရင် ငယ့်ရဲ့ အနုပညာလမ်းကြောင်းအတွက် အတားအဆီးဖြစ်သွားမလား ? ငယ့်ကို လူအထင်အမြင်သေးသွားမလား ?

"မောင် လင်းညို နားထောင်နေသေးလား "

"ကျွန်တော် နားထောင်နေပါတယ် "

"ဒါဆို ခဏက မေးခွန်းအတွက် အဖြေက "

"အဲ့ဒါက အမှန်မဟုတ်ပါဘူး ပါမောက္ခ သိတယ်မလား ကျွန်တော့်ကို တိုက်ခိုက်ချင်တဲ့သူက များတော့ Photoshop လုပ်ပြီး တင်လိုက်တာလို့
ထင်တယ် "

ငယ် !! ကျွန်တော် တုန်လှုပ်မိသွားသည်။ ငယ် မနိုးအောင်လို့ အသာလေးထလာပြီး အပြင်ထွက်ပြောခါမှ ဘယ်ချိန်ရောက်နေမှန်းတောင်
မသိလိုက်ဘူး ။ ငယ် က အဆုံးထိ ကျွန်တော့်ကို မယုံသေးဘူးဘဲ စိတ်ချပါ ငယ် ကိုယ်လည်း ဘာမှ မပတ်သက်ပါဘူးလို့ ပြောမလို့ပါဘဲ။ ဒီလိုပြောဖို့ တွေးလိုက်ခြင်းက နာကျင်ရပေမယ့်
ငယ် ထိခိုက်တာကို မြင်ရတာက ပိုပြီး
နာကျင်ရလို့ပါ ....

လင်းညို ထသွားကတည်းက ကျွန်တော်အနောက်က တိတ်တဆိတ်လိုက်လာမိသည်။ သူများဖုန်းပြောတာကိုခိုးနားမထောင်သင့်ဘူး
ဆိုပေမယ့် စိတ်ရဲ့ အလိုကြောင့် ခိုးနားထောင်မိခဲ့သည်။ သူ ..ဘယ်လောက် နေရခက်နေမလဲ ? ဆရာဆိုတာ ဂုဏ်သိက္ခာရှိမှ အများက လေးစားမှာမဟုတ်လား။ ခုဖြစ်သွားတဲ့ကိစ္စကြောင့် သူ့ကျောင်းက ဆရာတွေရှေ့ ကျောင်းသားတွေရှေ့မှာ သူ ဘယ်လိုမျက်နှာနဲ့ နေရလိမ့်မလဲ ? ဒါကြောင့် ကျွန်တော် သူ့ဖုန်းကို ယူပြီး မပတ်သက်ကြောင်း ငြင်းဆိုလိုက်မိတယ်။ ငါတို့ ရပ်သင့်ပြီထင်တယ် လင်းညို ...
နာကျင်ရပေမယ့်လည်းပေါ့ ...

ညှို့Where stories live. Discover now