"လင်းညို မတွေ့တာကြာပြီနော်
နေကောင်းတယ်မလား"ကျွန်တော် ဘာစကားတစ်လုံးမှ
ပြောမထွက်တော့...
ငယ့်ပုံစံက ကျွန်တော့်ကို ပြန်တွေ့တာတောင် အံ့ဩ တုတ်လှုပ်မှုမရှိဘဲ တည်ငြိမ်နေတာ
ဘာလို့လဲ ? ကျွန်တော့်အပေါ် ထားတဲ့ ငယ့် အချစ်တွေ အေးစက်ကုန်ပြီလား ?"ကိုးလ် သူငယ်ချင်းလား အဲ့ဒါဆို ၁၀ မိနစ်လောက်တော့ အချိန်ရတယ် ကိုအောင် သွားနှင့်မယ်နော်"
ကျွန်တော် ခေါင်းသာငြိမ့်ပြလိုက်သည်။ လင်းညို မင်းမှာ ငါ့ကို ပြောစရာစကားတစ်လုံးလေးတောင် မရှိတော့ဘူးလား ? ငါ့ကို အဲ့လောက်တောင် စိတ်နာပြီး မုန်းသွားပြီလား ??
အတန်ကြာအောင် တစ်ယောက်နဲ့ တစ်ယောက် ဘာစကားမှ မပြောဘဲ ကြည့်နေခဲ့မိတယ်
အချိန်က ပြည့်တော့မှာကြောင့်"လင်းညို မင်း အဆင်ပြေနေတယ်မလား
ဘာမှပြောစရာမရှိရင် ငါသွားပြီ""ကိုယ် မြတ်နဲ့ စေ့စပ်လိုက်ပြီ"
လှည့်ထွက်မယ်ကြံတော့ ကြားလိုက်ရတဲ့စကားက ရင်ကို နင့်ခနဲအောင့်သွားစေတယ် ငါးနှစ်ကြာတာတောင် ကိုယ် လို့ သုံးတုန်းဘဲနော်...
ကျွန်တော် ကျဆင်းလာတဲ့ မျက်ရည်တွေကို အမြန်ပုတ်ထုတ်လိုက်ပြီး ပြုံးပြလိုက်တယ်
လင်းညိုရှေ့မှာ ငါမျက်ရည်ကျလို့ မဖြစ်ဘူးမလားလေ"ဟုတ်လား ကောင်းသားဘဲ ပန်းမြတ် နဲ့ဆို ငါသဘောတူတယ်"
ကျွန်တော်ပြောလိုက်တာတောင်မှ ငယ့် တုံ့ပြန်မှုက ဘာမှမဖြစ်ဘဲပျော်နေပုံဘဲ
"အင်း နောက်နှစ်လယ်လောက်မှ လက်ထပ်ဖြစ်မယ်ထင်တယ်"
"အော်...လက်ထပ်ပွဲနေ့ကျ ငါ့ကိုရော ဖိတ်ရမယ်နော်"
"အင်း"
"အင်....ဒါဆို ငါသွားတော့မယ်လေ လူကြီးတွေနဲ့ဆိုတော့ နောက်ကျနေရင် မကောင်းဘူး"
"အင်း နောက်မှတွေ့မယ် ငယ်"
ဒီစကားကိုတော့ စိတ်ထဲက ပြောလိုက်ခြင်းသာ လက်တွေ့မှာတော့ ခေါင်းငြိမ့်ပြရုံအပြင် မတတ်နိုင်ခဲ့ပါဘူး မတွေ့ရတဲ့ အတောအတွင်း ငယ် ရင့်ကျက်သွားပြီဘဲ ဒါပေမယ့် လက်သည်းကိုက်တတ်တဲ့ အကျင့်လေးတော့ ခုထိ
မပျောက်သေးဘူးဘဲ
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~