တိတ်ဆိတ်ငြိမ်သပ်နေသော အစည်းအဝေးခန်းမ တစ်ခု။ ရှယ်ယာရှင်တွေများနှင့် တိတ်ဆိတ်ငြိမ်သပ်နေကာ ဌာနတစ်ခုဆီမှ ပရောဂျက်တာနှင့် ချိတ်ဆက်ပြီးပရောဂျက်များကို တင်ပြနေလေသည်။
*အဲ့ဒီ့အစီအစဉ်နဲ့ အဆင်ပြေမယ်ထင်လား*
*ရှင်*
ရှေ့ဆုံးမှတန်ဖိုးကြီးဆုံလည်ထိုင်ခုံအပေါ် ထိုင်နေသူဆီမှ ထွက်လာသော စကားသံကြောင့် နောက်ထပ်ပရောဂျက်အတွတ် ရှင်းပြနေသော ဝန်ထမ်းမလေးမှာ တုန်ယင်သွားလေသည်။
မျက်ဝန်းတွေသည်လဲ အနည်းငယ် လှုပ်ရှားသွားကာ အားလုံး၏ အကြည့်တွေသည် ထို အသံလာရာဆီတွင်။
ထိုလူကပင် ခပ်သွယ်သွယ် လက်ချောင်းရှည်ရှည်ကို အသုံးပြုကာ ပရောဂျက်တာအား ညွှန်ပြလိုက်သည်။
*ဒီမှာ..!*
ထိုလက်ချောင်းဖြူဖြူသွယ်သွယ် ညွှန်ပြသည့် နေရာသို့ အားလုံး၏ အကြည့်တွေက ရောက်သွားကြသည်။ ထိုလူ ညွှန်ပြလိုက်သည့် နေရာသည် ရေကူးကန်ဆီသို့။
*အခုဆောက်လုပ်မယ့် ဟိုတယ်က နိုင်ငံ ရာထူးကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ၊ ရှယ်ယာရှင်တွေဖို့ သီးသန့် ဆောက်လုပ်ထားတဲ့ ဟိုတယ်။ ရေကူးကန်ကို အပြင်မှာ တစ်ခုထဲ ထည့်ရအောင် ရိုးရိုး ဟိုတယ်မဟုတ်ဘူး*
ခပ်ပြတ်ပြတ် စကားသံကြောင့် ဒီဇိုင်းဌာနက ဌာနမှူးမှာ ခေါင်းငုံ့သွားသည်။ ထိုလူ့၏ အကြည့်တွေသည် စူးရှသည်။ အားလုံးကို တစ်ချက် ဝေ့ဝဲကြည့်ပြီးနောက်
*ရေကူးကန်ကို အခန်းတိုင်းရဲ့ ဝရံတာမှာ ထည့်ပေးမယ်။ Golfကွင်းကိုလဲ ဝရံတာမှာပဲ ထားပေးမယ်။ မှန်ဘောင်တိုင်းကို ရွှေရောင်အနားသတ်ပေး။အခန်းကို ရွှေရောင်ဖျော့ဖျော့ သုံးပေးလိုက်*
*ဟုတ်ကဲ့ပါ CEO*
ဆက်ပြောဆိုသည့် သဘောဖြင့် မေးဆက်ပြလိုက်ပြီး ဆုံလည်တွင် ခြေချိတ်ထိုင်လိုက်သည့် အမျိုးသား။ အားလုံး၏စိတ်ထဲတွင် ထိုအမျိုးသားအား အမှတ်အပြည့်ပေးနေလိုက်ကြ၏။
အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် တည်တင်းခန့်ညားသော မျက်နှာထား။ အကြည့်တွေသည် စွန်ရဲတစ်ကောင်လို စူးရဲ၏။ အမှားလုပ်ထားသည့်သူဆိုလျှင် ထိုလူနှင့် အကြည့်ချင်းဆုံဖို့ရာ မလွယ်ကူသည့် အရာ။ နှုတ်ခမ်းရဲရဲသည် တစ်ခါတစ်ရံသောက်တတ်သည့် စီးကရက်တွေကြောင့်တောင် အနည်းငယ် ညိုမဲမသွား။ အနောက်တိုင်းဝတ်စုံသည် ဖွံ့ထွားသည့် ခန္ဓာကိုယ်နှင့် ထိုလူ့ရင်အုံကြောင့် တင်းတင်းကြပ်ကြပ်။ ပေါင်ပေါ်တင်ကာ လက်နှစ်ဖက်ကို ဆက်ယှက်ထား၍ တန်ဖိုးကြီးနာရီနှင့် လက်ချောင်းသွယ်သွယ်ရဲရဲတွေက အထင်းသား။