*14*

11.5K 897 91
                                    

လက်စွပ်ရွေးဖို့ လာပေမယ့် တစ်ကယ်တမ်းရောက်ဖြစ်သွားသည်က ရိပေါ်ဖို့ အဝတ်အစားရွေးခြင်းသို့။ ဆိုင်က အမတွေသည် X company၏ သူဋေးလာမည်ဆိုတာနှင့် အားလုံးက အများကြီး သတိထားနေရလေသည်။ ဒီဆိုင်က ဦးတို့ပိုင်ဆိုင်မှုတွေထဲက တစ်ခုပင်ဖြစ်သည်။

*ဟန်နီးမွန်းထွက်ဖို့ ဝယ်မှာဆိုတော့ ချာတိတ်ကြိုက်တာ ဝယ်။ ဒင်နာအတွတ်ဝတ်စုံက ပဲရစ်က လှမ်းမှာထားတာမို့ ဒါက ဟန်းနီးမွန်းအတွတ် သပ်သပ်ပဲ*

*ဦးပြောခဲ့တော့ လက်စွပ်ကြည့်မှာဆို*

ရိပေါ်ကို လှည့်မကြည့်ပဲ ကောင်းမည်ထင်သည့်အဝတ်အစားတွေရွေးထည့်နေသည့် ဦးသည် ပိုက်ဆံရှင်းပြီးမှ ဆိုင်ထဲက ပြန်ထွက်လာ၏။

ရိပေါ်အတွတ်လဲ အဝတ်အစားတွေသာ ရွေးဝယ်သွားတယ် ခန္ဓာကိုယ်အား တစ်ချက်မတိုင်းပေ။ သူသိနေသည့်အတိုင်း။

*လက်စွပ်က ဒါဝယ်ပြီးမှ ကြည့်လဲအဆင်ပြေတယ် ချာတိတ်ရ။ လက်စွပ်က ကိုယ်အော်ဒါမှာထားတယ်..ရက်ပိုင်းနဲ့ရအောင် လုပ်ခိုင်းထားပြီးသား။ ဝင်ယူရုံပဲ*

အနောက်က ဦး၏ ကားမောင်းသူသည် ဦး၏လက်ထဲမှအဝတ်အစားထုပ်တွေအား အလိုက်တသိ လက်ပြောင်းယူသည်။ ခန့်ညားကာ ချောမောလွန်းလှသော ဦး၏ဘေးတွင် ရိပေါ်လို ကလေးသာသာ ကောင်လေးက အတူရှိနေသည်ကို အားလုံးက ဘာပတ်သတ်မှုလဲ ဆိုသည့်အကြည့်ဖြင့် ကြည့်နေကြလေသည်။

ဒါ ရိပေါ်ကြုံတွေ့ရမည့် အကြည့်တွေမှန်း ရိပေါ် သိနေ၍ ထူးပြီးတော့ ဘာမှမခံစားရ။

*မစ္စတာရှောင်း ရောက်လာပါပြီ သူဋေး*

ဝန်ထမ်းကောင်မလေးသည် ရွှေရောင်တွေ တဖိတ်ဖိတ်တောက်နေသော အရောင်းပြခန်းကြီးထဲ ရိပေါ်တို့ ဝင်လာသည်နှင့် သူ့သူဋေးကို အပြေးသွားခေါ်သည်။

ရိပေါ် သတိထားမိပါ၏..ဦးသည် ဆိုင်ခန်းထဲဝင်သည်နှင့် ရိပေါ်၏ လက်တွေကို ခပ်တင်းတင်းဆွဲကိုင်လိုက်သည်။

*မစ္စတာရှောင်..လာပါ..လာပါ။ ဒီဘက်ကို ကြွပါ*

*ကားထဲမှာပဲ စောင့်နေလိုက်။ စကားပြောမှာဆိုတော့ ကြာရင်ကြာအုံးမှာ*

Supernal LoveWhere stories live. Discover now