ရှောင်းကျန့် နေ့လည်စာ စားပြီးသည်နှင့် ရိပေါ်နှင့် မျက်နှာချင်းဆိုင် ထိုင်ရာကနေ ရိပေါ်ဘေးသို့ လာကပ်ထိုင်သည်။ ပေါင်ပေါ်တင်ထားသည့် ရိပေါ်၏ လက်ကလေးနှစ်ဖက်အား အသာဆွဲယူကာ ပုခုံးကိုလဲ ခပ်တင်စးတင်း ဖက်လိုက်သည်။
ခန္ဓာကိုယ် နွေးနွေးလေးက သူ့ရင်ခွင်ထဲ တိတိပပ။
*ကိုယ် ဘာကိုစိတ်ဆိုးတာလဲ သိလား*
ခါပြလာသည့် ဦးခေါင်းလေးက ခပ်သွက်သွက်။ ထိုလို ဘာမှမသိသည့် ကလေးလေးမို့ ဟိုတစ်ညက အလုပ်ကိစ္စနဲ့ အပြင်ထွက်ရပြီး ညအတော်နက်မှပင် အိမ်ကို မရောက်ရောက်အောင် ပြန်လာခဲ့ရတာ ဒီကလေးကြောင့်။
*အိမ်မှာ သူစိမ်းမိသားစုပါ ရှိနေတယ် ကလေး။ အစစအရာရာ ကိုယ်တို့က သတိထားရမှာ..၊သူတို့ ဘယ်လိုစိတ်ထားနေလဲ ကလေးလဲ သိတယ်။ နောက်တစ်ခါ ဘယ်သွားသွား ကိုယ့်ကို ပြောသွား။တစ်ခုခုဖြစ်ရင်တောင် ကိုယ် မင်းဆီတန်းပြေးလာလို့ ရတယ် ရိပေါ်။ အမှန်တစ်ကယ်ဆို ကိုယ် မင်းကို နည်းနည်းမှ စိတ်မချဘူး*
*ဟုတ်*
ဟုတ် ဟုသာ ပြောနေတာ ခေါင်းလေးက မော့မလာ။ ရှောင်းကျန့် သက်ပြင်းဖွဖွ ချလိုက်ရင်း
*အယုံမလွယ်ရဘူး ရိပေါ်။ ဘယ်သူ့ကိုမှ အယုံမလွယ်နဲ့။ အဆုံးအစွန် ကိုယ့်ကိုတောင် မျက်စိမှိတ် မယုံပါနဲ့*
*နောက်တစ်ခါ မအော်ပါနဲ့...ကျွန်တော် ဦးကို ကြောက်တယ်။ ပြီးတော့ အကုန်လုံးထက် ဦးကို ယုံကြည်တယ်*
မော့ကြည့်လာသည့် မျက်ဝန်းလက်လက်တွေက မလိမ်ညာကြောင်း သက်သေခံသည်။ ရှောင်းကျန့် နှုတ်ခမ်းတွေသည် ပြုံးသွားကာ ရိပေါ်၏ ပါးလေးအား အုပ်ကိုင်ရင်း
*ကိုယ့်ကို ဘာလို့ယုံတာလဲ။ ကိုယ် မင်းကို ဘာအကြောင်းလို့ မပြောပဲနဲ့ အော်ဟစ်ခဲ့တာလေ*
*ဦး အကြောင်းရှိလို့ အော်ခဲ့တာပဲ ဖြစ်မှာပါ။ ဦးက ကျွန်တော့်ကို အပြည့်အဝ ကာကွယ်ပေးမယ်လို့ ကျွန်တော် ယုံကြည်တယ်လေ*
ရှောင်းကျန့် မကြည်မလင် ဖြစ်နေသော စိတ်မှာ အဝေးကို လွှင့်သွားရသည်။ ရိပေါ်၏ ပါးဖောင်းဖောင်းလေးအား ငုံ့နမ်းကာ