*11*

10.5K 904 106
                                    

ရေချိုးပြီးခါစမို့ ရှောင်းကျန့် စိုနေဆဲ ဆံပင်တွေကို တဘက်ဖြင့် သုတ်ကာ အိမ်နေရင်း အဝတ်အစား လဲလိုက်သည်။ တစ်ရက်လောက် အလုပ်နားမိသည်နှင့် ပုံလာသည့်အလုပ်တွေက အများအပြား။ အဲ့တာအပြင် အလတ်မဖို့က ပြင်စရာရှိတာတွေ ပြင်ပေးရသေးသည်။

ရွှေမဝတ်ချင်ပါဘူး စိန်လိုချင်ပါသည်ဆိုလို့ မားနဲ့မကြီးကို ခေါ်ပြီး စိန်ဆိုင်ကိုလိုက်ပို့ကာ သူကြိုက်မယ်ထင်တာတွေ ယူလာပြရသည်။ အဝတ်အစားကိုလဲ ဩဇီက မှာချုပ်ချင်ပါသည်ဆို၍ ရှောင်းကျန့် လှမ်းမှာပေးရကာ အခုတော့ ပို့လိုက်သည့် အဝတ်အစားတွေအား စမ်းဝတ်ကြည့်နေလေသည်။

တစ်အိမ်လုံးကအလုပ်သည် သူ့ခေါင်းပေါ် ပုံနေ၍ နေရတာ သက်တောင့်သက်သာမရှိ။ အလတ်မ ယောကျာ်းယူပြီးသွားပြီး လက်ထပ်ပြီးမှသာလျှင် နားအေးတော့မည်။

*ဒေါက်..ဒေါက်*

*ဝင်ခဲ့*

ရှောင်းကျန့် အခန်းတံခါးကို လာခေါက်နေ၍ အသံကျယ်ကျယ်ဖြင့် ဝင်ခွင့်ပြုလိုက်သည်။ ညနေ၂နာရီမို့ ရှောင်းကျန့်အခန်းထဲအား အိမ်အကူကောင်မလေးတွေ ဝင်ထွက်လို့ရသေး၏။

ည၇နာရီဆိုတာနှင့် ရှောင်းကျန့်အခန်းထဲ အိမ်ကမိသားစုကလွဲလျှင် မည်သူမှဝင်ခွင့်မရှိပေ။

*ကိုကို*

မတ်တပ်ရပ်ကာ ခေါင်းသုတ်နေသော ရှောင်းကျန့်သည် ချာခနဲ အနောက်ကို လှည့်ကြည့်လိုက်၏။ ဂါဝန်ပန်းရောင်အတိုလေးအား ရင်ပြတ်ပုံစံလေး ချုပ်ဝတ်ထားကာ မတော်တရော ပုံစံဖြင့် ရှောင်းကျန့် အခန်းထဲ ဝင်လာသော ဟိုကောင်မလေး။

*မင်း ဘာလာလုပ်တာလဲ*

*အောက်က မေမေက ခေါ်ခိုင်းလိုက်လို့ လာခေါ်တာပါ ကိုကိုကလဲ။ ဒါနဲ့ ကိုကို့အခန်းက နေချင်စရာ အရမ်းကောင်းတာပဲ*

*ငါ လာခဲ့မယ်..မင်းထွက်သွားလို့ ရပြီ*

ရှောင်းကျန့်စကားကို မကြားသည့်အလား ထိုကောင်မလေးသည် အခန်းတစ်ခုလုံးအား ပတ်ရှာလည်ကြည့်နေ၏။ ရှောင်းကျန့် ထိုကောင်မလေး အသားလဲ သွားမထိချင်၍ဘာမှ ပြောမနေတော့ပဲ အခန်းအပြင်ကိုသာ ထွက်လာရသည်။

Supernal LoveWhere stories live. Discover now