ရှောင်မိသားစု၏ လူစုံတက်စုံ ညစာဝိုင်းလေး။ မားသည် အရှေ့ဆုံးက ထိုင်ခုံတွင်ထိုင်ကာ မား၏ ဘေးတစ်ဖက်တစ်ချက်တွင် ရိပေါ်တို့နှစ်ယေက်က ထိုင်ပြီး အခြားတစ်ဖက်တွင် လျဲ့လီတို့ လင်မယားကထိုင်သည်။ အဒမ်နှင့် သူ့မားမားကတော့ မျက်နှာချင်းဆိုင်၏။
*ဒါ ကိုကြိုက်တယ်မလား ထည့်စားနော်*
*အင်းပါ ကို့မိန်းမလေးရဲ့*
မြင်နေရသည့် မြင်ကွင်းတစ်ခုအား အားလုံးက မသိမသာ ကြည့်နေကြပေမယ့် ရှောင်းကျန့်ကတော့ စိတ်ထဲရှိပုံမရစွာ သူ့ဘာသာ အေးအေးဆေးဆေး စားနေ၏။
ဂျက်နှင့်လျဲ့လီသည် တစ်ယောက်တစ်လဲစီ ဟင်းတွေထည့်ပေးကာ တီတီတာတာတွေ ခေါ်ဆိုနေပုံက ယောက္ခမကို ရှိသည်ဟုပင် ထင်ပုံမရ။
*များများစားမှ အားရှိမှာပေါ့ မိန်းမရဲ့.! ထည့်စား*
ရိပေါ် မနေနိုင်သည့်အဆုံး ဦး၏မျက်နှာ ဘယ်လိုရှိမလဲဆိုတာ မော့ကြည့်လိုက်သည်။ အားလုံး၏ မျက်နှာတွေသည် ရဲစွေးနေကာ တီလျဲ့တို့အစား ရှက်နေကြပုံပင်။
ဦးကတော့ စားစရာရှိတာကို စားလိုက်၊ ဘေးတွင်ချထားသော ကိုလာကို သောက်လိုက်ဖြင့် သူ ဘာမှမကြားသလိုပင်။
ရိပေါ် ကြည့်နေသည်ကို သိ၍ထင် ဦးကငဲ့စောင်းကြည့်ကာ ဘာလဲဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြသည်။ ရိပေါ် ခေါင်းအသာရမ်းကာ ပန်းကန်ထဲမှာ ရှိနေသည့်အရာတွေအား ခပ်မြန်မြန်စားလိုက်သည်။
ညားခါစဆိုတာ နားလည်ပေမယ့် မိသားစုတွေနဲ့အတူရှိနေချိန် အခုလိုပြောဆိုနေကြတာကတော့ ယဉ်ကျေးမှုမရှိရာ ရောက်သည်ဟု ရိပေါ် စိတ်ထဲကသာ တွေးလိုက်သည်။ တီလျဲ့သည် ရိပေါ်တို့ ငယ်ငယ်က သိခဲ့သည်နှင့် မတူတော့လောက်အောင် ပြောင်းလဲသွားရသည်။
*ရှောင်းကျန့်..နင်တို့ ဟန်းနီးမွန်း ထွက်ကြမှာလား*
တီလျဲ့သည် ဦး ဆီသို့ကြည့်ကာ မေးလာ၍ ဦးသည် ခေါင်းရမ်းပြကာ
*မထွက်ဘူး ဘာလို့လဲ*
*အစက သားပြောတော့ ဟန်းနီးမွန်း ထွက်မယ်ဆို*