မေဘယ်လ် ကုမ္ပဏီဝန်းထဲ ဝင်လာသည်နှင့် အားလုံးက ကွက်ကြည့်ကွက်ကြည့်။ ဘာကြောင့်လဲဆိုတာ သူမ မသိပေမယ့် ကြည့်နေတဲ့ မျက်လုံးအားလုံးသည် ရွံရှာနေမှန်းတော့ သူမသိ၏။
*ဟဲ့ အဲ့တာ ငါတို့ဘော့စ်ကို မြှူစွယ်တဲ့ ကောင်မလား*
*ဟယ်..ရုပ်လေးနဲ့ မလိုက်ဟယ်*
ဒီတစ်ခါ သူမမျက်နှာမှာ မာန်တွေတင်မထားနိုင်။ သူမစိတ်ထဲ မလုံခြုံမှုဟူသော ခံစားချက်ကို ခံစားနေရသည်။ မသိစိတ်မှလဲ တစ်ခုခု ကြီးကြီးမားမား ဖြစ်တော့မယောင်။
*အရှက်မရှိချက်ဟယ်*
*ဘယ်လိုမျက်နှာနဲ့များ ကုမ္ပဏီ လာရဲတာလဲ မသိဘူး*
မေဘယ်လ် ခြေလှမ်းတွေကို အရှိန်တင်ပြီး ဓာတ်လှေကားထဲ ဝင်လိုက်သည်။ ပြီးနောက် ကိုကို့ရုံးခန်းဆီ ပြေးသွားမိ၏။ ဒီမနက် ကိုကိုက အလုပ်ကို အစောကြီး ထွက်သွားသည်ဟု တီလျဲ့တို့က ပြောလိုက်၍ သေချာပေါက် ကိုကိုကတော့ အလုပ်မှာ ရှိနေမှာပင်။
*ဟဲ့ သူလာပြီ*
*ဆွဲထုတ်လိုက်ကြလေ ဘာလုပ်နေကြတာလဲ*
သူမကို မြင်သည်နှင့် ပြေးလာသော လုံခြုံရေးများ။ သူမကြောက်လန့်ကာ အနောက်ကို တဖြေးဖြေး ဆုတ်သွားမိသည်။
*ဘာလုပ်တာလဲ..လွှတ်စမ်း*
*မင်းက ဒီကုမ္ပဏီမှာ ဘာရာထူးမှ မရှိတော့ဘူး။ သူဋေးက မင်းလာရင် ဆွဲထုတ်ဖို့ အားလုံးက မှာထားတာ*
*ဘာဖြစ်လို့လဲ.! ငါ ကိုကိုနဲ့ တွေ့ရမှဖြစ်မယ်။ ဘာဖြစ်လို့လဲ*
သူမ အသံကုန်အော်ဟစ်ကာ လုံခြုံရေးတွေလက်ထဲက ရုန်းကန်နေမိ၏။ သူမရှေ့ကို လျှောက်လာကြသော ဝန်ထမ်းမိန်းကလေးအချို့။ လူအများကြီးကလဲ ဝိုင်းလာကာ သူမကို ရွံရှာသလို ကြည့်နေလေသည်။
ထိုအထဲမှမိန်းကလေးတစ်ယောက်သည် ဖုန်းကိုထုတ်လိုက်ကာ သူမကို ဓာတ်ပုံတွေ ပြလာလေသည်။
* မဟုတ်ဘူး..ဒါတွေက မဟုတ်ဘူး*
သူမ မဟုတ်ဘူး ငြင်းဆန်နေပေမယ့် ဖုန်းထဲမှာ ပေါ်နေသည့် ဓာတ်ပုံတွေသည် သူမနှင့် ယောကျာ်းအချို့ အိပ်နေသည့် ပုံတွေ။ တစ်ရက်တစ်ယောက်နှုန်း မတူညီသည့် ပုံတွေကြောင့် အားလုံးက အထင်သေးသလို ကြည့်နေလေသည်။