*3*

10.8K 930 105
                                    

*သားသားရေ..သားသား*

*ဗျာ မေမေ*

စနေနေ့ ပိတ်ရက်မို့ ရိပေါ်သည် အပေါ်က ထပ်ခိုးထပ်လေးတွင် ဇိမ်ကျကျ။ စာအုပ်တစ်အုပ်နှင့် အခြားစရာလေးနှင့်။ ထပ်ခိုးမှာ ရိပေါ်သည် သပ်သပ် အခန်းလေး ပြင်ထား၍ မှောင်ပိန်းမနေပဲ နေရတာ သက်သက်သာသာ ရှိသည်။ ပန်းခင်းကျယ်ကြီးနဲ့လဲ နီးနေ၍ လေတစ်ချက်ဝေ့လိုက်တိုင်း အခန်းထဲဝင်လာသည့် အနံ့လေးက ခပ်သင်းသင်း ။

*အောက်ထပ်ဆင်းခဲ့ပါအုံးကွယ်။ အောက်မှာ ဧည့်သည်ရောက်နေလို့*

*ဟုတ်ကဲ့ မေမေ*

ရိပေါ်လက်ထဲက စာအုပ်လေးအား ချကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။ ရိပေါ် အခန်းထဲကနေ ဖြတ်သွားလျှင် မေမေ ချက်ပြုတ်သည့် မီးဖိုခန်းထဲ ရောက်သည်မို့ ထိုအတိုင်းသာ သွားလိုက်သည်။

မေမေက ဧည့်သည်လာလျှင် ရိပေါ်ကို ထိုအတိုင်းပင် ခေါ်လေ့ရှိသည်။ မုန့်လုပ်ကူ၊ အအေးသွားချပေး ဘာညာလုပ်ပေးရသည်။ မေမေသည် အိမ်တွင် နေပေမယ့် ဧည့်သည်လာလျှင်တော့ ဟိုတယ်တွေထက်သာအောင် ချက်ပြုတ်ကျွေးသည်။ ဖေဖေ့ကို မျက်နှာမငယ်စေရ။

*အဲ့တာဆို ဩဇီက ဒီဇိုင်းကုမ္ပဏီကို လျဲ့လီက ဦးဆောင်နေတာပေါ့*

*ဟုတ်တယ် အကို.! အဲ့မှာပဲ သူကဇိမ်ကျနေတာ။ ဒီကို ပြန်မလာချင်သေးဘူးတဲ့*

ရိပေါ် ဧည့်ခန်းဆီရှေ့ထွက်သွားမယ့် ခြေလှမ်းများသည် ရပ်တန့်သွား၏။ ရိပေါ်ကြားနေရသော အသံဩရှရှသည် ရိပေါ် ကြောက်ရပါသော ဦး၏ အသံ။

*သွားလေ သား..ရှောင်းကျန့်က ကြားသားမိုးကြိုး အိမ်ရောက်လာတာလေ*

*ဟုတ်*

ရိပေါ် တွန့်ဆုတ်တွန့်ဆုတ်လုပ်နေလဲ ဒီနေရာက ပြေးမထွက်သွားနိုင်ဘူးဟု သိသည့်နောက် ဧည့်ခန်းဆီသို့ ထွက်လာခဲ့သည်။

ရိပေါ်ကို မြင်သည်နှင့် ပြောလက်စ စကားများ ရပ်တန့်သွားသည့် ဦးနှင့် ဖေဖေ။ ရိပေါ် အအေးနှင့် အခြားစားစရာများကို ချပေးပြီး ဖေဖေ့ဘေး ဝင်ထိုင်လိုက်သည်။

မေမေကတော့ ဦး၏ဘေးတွင် သွားထိုင်သည်။

*ကြားသားမိုးကြိုး အိမ်ကို မလာစဖူးလာတဲ့ အကိုတော်လေးကြောင့် ကမန်းကတန်းပြငါဆင်လိုက်ရတာ။ စားကြည့်အုံး..ထမင်းရော စားခဲ့ပြီးပြီလား*

Supernal LoveWhere stories live. Discover now