ရိပေါ် အခန်းထဲဝင်လာတော့ အလုပ်လုပ်နေသည့် ဦးသည် အနည်းငယ် ငဲ့စောင်းကြည့်ကာ ခေါင်းညိမ့်ပြီး သူ့ဘေးနား ထိုင်ဖို့ ပြော၏။ ရိပေါ် ကျုံ့ကျုံ့လေး ဦးဘေးနား ဝင်ထိုင်လိုက်ကာ ပိုက်ဆံတွေကို ဦးမြင်အောင် စားပွဲပေါ်ချလိုက်သည်။
သို့ပေမယ့် လှည့်ကြည့်လာသော ဦးသည် ပိုက်ဆံတွေကို တစ်ချက်လေးတောင် ငဲ့မကြည့်ပဲ ရိပေါ်ဆီကို ကြည့်ကာ
*သန်ဘက်ခါလောက် ကိုယ့်အလုပ်ထဲ အလုပ်စဝင်တော့..ပြီးတော့ အိပ်တော့မယ်ဆို ဒီမှာ တစ်ခါထဲ နွားနို့ သောက်သွားချည်။ အောက်ထပ်က ကောင်မလေးတွေကို လာပို့ခိုင်းထားတာ*
*ဟုတ်ကဲ့ ဦး*
ရိပေါ် ခပ်မြန်မြန်ပင် နွားနို့ခွက်အား ယူသောက်လိုက်သည်။ ခြေချိတ်ကာ ထိုင်နေသော ဦးသည် ရိပေါ်ဆီကိုလဲ ကြည့်နေသေး၏။ဦး၏အကြည့်တွေကြောင့် ရိပေါ် တစ်ခုခုအမှားများ လုပ်မိသေးသလားလို့ စိတ်က တွေးလိုက်သည်။
ဦးနဲ့လက်ထပ်ပြီးတာတောင် ရိပေါ်မှာ ခုထိ ဦးနဲ့မရင်းနှီးသေး။ ကြောက်စိတ်တစ်ပိုင်းတစ်စနှင့် အတော်ကို ဆိုးရွားလွန်း၏။
*ဦး*
*အင်း..ပြောလေ*
ဆိုဖာပေါ် တံတောင်ထောက်ကာ လက်ဖမိုးပေါ် မေးတင်ပြီး ရိပေါ်ကို ကြည့်နေသည့် ဦးကြောင့် မနေတတ်စွာ တစ်ကိုယ်လုံး ပူထူလာသည်။ နားရွက်ဖျားလေးတွေမှာ ပူကျစ်နေသည်ဟုပင် ရိပေါ်စိတ်ထဲ ခံစားနေရ၏။
*ကျွန်တော့်ကိုလေ..မားက မုန့်ဖိုးပေးလိုက်တယ်*
ရိပေါ်ပြောမှ ဦးသည် စားပွဲပေါ် ကြည့်ကာ ခေါငးစညိမ့်ပြပြီး တစ်ဆက်ထဲပင် ရိပေါ် မျက်နှာဆီမေးဆက်ပြ၏။
*နှုတ်ခမ်းမှာ မလှိုင်ဖက်တွေ ကပ်နေတယ် ရိပေါ်*
*အော် ဟုတ်*
ရိပေါ် ရှက်ပြီး ဘာလုပ်ရမှန်း မသိစွာ ထိုနေရာဟု ထင်ရသည့်နေရာကို လျှာဖြင့် လျက်လိုက်သည်။ မတ်ခနဲ ဖြစ်သွားသည့် ဦး၏ ခန္ဓာကိုယ်ကြောင့် ရိပေါ် မျက်လုံးလေးတွေ ပြူးကျယ်ဝိုင်းစက်သွားသည်။