ရိပေါ် နိုးတော့ ဦးကမရှိပေ။ မရှိတာပဲ တော်သေး၏။ မဟုတ်လျှင် ရိပေါ် ဦးအား မျက်နှာပူနေရအုံးမှာ။ အိပ်ယာကနေ ထလိုက်သည်နှင့် လက်တွေ၊ ပေါင်လုံးလုံးလေးတွေသည် လူကိုင်ရိုက်ထားသလို နာကျင်နေ၏။ အနောက်ရပ်ဝန်းက အနည်းငယ်သာ မသက်မသာ ခံစားရပေမယ့် ဆေးလူးပေးထားပုံရ၍ သိပ်ပြီး မနာကျင်ရသလို၊ အရမ်းဆိုးဆိုးဝါးဝါး မခံစားရ။
ရိပေါ် ခန္ဓာကိုယ်ပေါ်တွင် ညအိပ်ဝတ်စုံလေးအား လဲပေးထားသေး၏။ ရေပတ်လဲ တိုက်ပေးထားပုံရကာ အရင်အတိုင်းပင်ဖြစ်ပြီး ရိပေါ်အတွတ် တစ်စုံတစ်ရာ နေရခက်မနေပေ။
*နိုးနေတာလား ချာတိတ်*
မွေ့ယာပေါ်မှ ခြေထောက်လေး ချလိုက်သည်နှင့်အတူ အသံဩရှရှကပါ ကပ်ပါလာ၏။ ရိပေါ် အနောက်ကို လှည့်ကြည့်လိုက်တော့ ရေချိုးပြီးထားပုံရသည့် ဦးက ခန့်ခန့်ညားညား။ အခန်းအပေါက်ဝတွင် မတ်တပ်ရပ်နေကာ ပြီးမှတံခါးအားပိတ်ပြီး အခန်းထဲ ဝင်လာလေသည်။
*ရေတစ်ခါထဲ ချိုးလိုက်လေ။ မနက်စာကို အပေါ်မှာစားမလား..အောက်မှာပဲ သွားစားမလား*
*မ..မဆာသေးဘူး ဦး*
*မဆာသေးလို့ မရဘူး.! အချိန်က ၁၀နာရီတောင် ထိုးနေပြီ။ အခုကထဲက မနက်စာ စားထားမှ*
ရိပေါ်ဘေးတွင် လာဝင်ထိုင်ပြီး နဖူးပြင်ေလးကို လက်ဖဝါးကြီးကြီးဖြင့် အပူစမ်းသေး၏။ ရိပေါ်ကသာ ရှက်နေတာ ဦးကတော့ ပုံမှန်အတိုင်းပင်။
*ကိုယ်တော့မပူဘူး..ရေချိုးပြီးရင် အောက်ထပ်မှာ မနက်စာစားကြရအောင်။ ကိုယ်လဲ မစားရသေးဘူး.! မင်းကို စောင့်နေတာ*
*ဒါ..ဒါဆို ကျွန်တော်ရေချိုးလိုက်အုံးမယ် ဦး*
ခေါင်းညိမ့်ပြလာသည့် ဦးက ခွင့်ပြုလိုက်သည့် သဘောမို့ ရိပေါ် ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ ဦးကသာ စကားတွေ အများကြီးပြောနေပေမယ့် ရိပေါ် ဘာပြောရမှန်းမသိပေ။
ရိပေါ် ကြောက်ရသည့်သူနှင့် နှစ်ယောက်ထဲဆိုသည့်အတွေးကြောင့် အနေရလဲ ခက်သလို၊ စကားတွေလဲ မပြောတတ်ပါ။ အမ်းတမ်းတမ်းကြီးနှင့် စိတ်ထဲ တစ်မျိုးပင်။