*4*

10.2K 927 110
                                    

*ဦးငယ်..*

*အင်း..ဝင်ခဲ့*

အဒမ် ဦးငယ်အခန်းထဲကို တစ်နှစ်နေလို့ တစ်ခါတောင် ရောက်ဖူးတာ မဟုတ်ပေ။ ဒါပေမယ့် ထူးထူးခြားခြားကြီး အိမ်အကူကောင်မလေးတစ်ယောက်အား အဒမ့်ကို ခေါ်ခိုင်းလိုက်သည်ဆို၍ အထိတ်ထိတ်အလန့်လန့်နဲ့ အပေါ်ထပ်ကို တက်လာခဲ့ရသည်။

ဦးငယ်၏ အခန်းက အပေါ်ထပ်တွင်ရှိကာ အဒမ်တို့ မိသားစုတွေက အောက်ထပ်တွင် နေရ၏။ အဖွားက အသက်ကြီးပြီးဖြစ်၍ လှေကား၏ ညာဘက်ထောင့်အခန်းတွင် နေသည်။

*လာ ထိုင်*

ဦးငယ်၏ ကုတင်ခြေရင်းတွင်ရှိနေသော ဆိုဖာကျွန်းရောင်ကြီးအပေါ်သို့ အဒမ့်မှာ အသာအယာ ဝင်ထိုင်လိုက်သည်။ စိတ်ထဲတွင်လဲ သူ ဘာအမှား လုပ်မိထားသလဲဆိုတာကို အခါခါတွေးနေမိသည်။ ဒါပေမယ့် သူ ဘာမှမလုပ်ထားမိပါ။

*အဒမ်*

*ဗျာ*

ဦးငယ်၏ အသံက ချိုသာသည်လဲမဟုတ်၊ ပျော့ပျောင်းသည်လဲမဟုတ်။ လက်ထဲတွင် ကိုင်ထားသော ဖိုင်အချို့အား စားပွဲပေါ် တင်လိုက်ကာ အဒမ့်ကို ကြည့်လာသည်။ မျက်မှန်ကိုလဲ ချွတ်ပြီး ဖိုင်ပေါ် တင်လိုက်ရင်း

*သူငယ်ချင်းတွေ အများကြီး ရနေပြီလား*

*ဟို..ဟုတ်ကဲ့ ဦးငယ်*

ဦးငယ် ဘာကို ဆိုလိုချင်တာလဲ သူအခုထိ မသိသေးပေ။ အဒမ်က လူချစ်လူခင်ပေါသည့်အပြင် စကားပြော ကောင်းတော့ သူငယ်ချင်းက ပေါသည်။

*မု မျိုးရိုးထဲက မုယွမ်ဖုန်းဆိုတဲ့ ကောင်လေးကိုရော သိလား*

ဦးငယ်သည် ဆိုဖာနောက်ကို မှီလိုက်ကာ ခြေချိတ်ထိုင်ရင်း လက်နှစ်ဖက်ကို ဆက်ယှက်လျက် ပေါင်ပေါ်တင်ထားသည်။ အဒမ် အယောင်ယောင်အမှားမှားဖြင့် ခေါင်းညိမ့်မိတာ ဦးငယ်၏ တည်ငြိမ်လွန်းနေသည့် ပုံစံကြောင့်။

*သူက ဘယ်လိုလူမျိုးလဲ။ ခင်တာ ကြာပြီလား*

*သူက အပေါင်းအသင်းပေါတယ် ဦးငယ်။ ပြီးတော့ စကားလဲ ပြောတတ်တယ်။ ဘာလုပ်လုပ် သူလုပ်တာတွေကို မငြင်းနိုင်တဲ့အထိ စကားလုံးနဲ့ သိမ်းသွင်းနိုင်တယ်။ ပြီးတော့ မျိုးရိုးလဲ ကောင်းတယ်*

Supernal LoveWhere stories live. Discover now