*18*

13.2K 922 55
                                    

Short Tripလေးမို့ ရိပေါ် အပိုအဝတ်အစားတွေ မယူခဲ့ပေ။ မနက်အစောထွက်မှာမို့ Tee လည်ဝိုင်း over sizeအဖြူအား အပေါ်မှ ရှပ်အကွက်လက်ရှည် အပြာရင့်ကို တွဲဝတ်လိုက်သည်။ အောက်က pantကိုတော့ အဖြူရောင်သာ ရွေးချယ်လိုက်၏။ ဆံပင်အုပ်အုပ်လေးအား လက်ဖြင့်ဆွဲဖွလိုက်တော့ အနေတော်လေး ပြန်ကျလာသည့် ဆံပင်လေးက ဖရိုဖရဲနှင့် တစ်မျိုးလေး ဖြစ်သည်။

မျက်နှာကို ခရင်မ်နည်းနည်းလိမ်းကာ နှုတ်ခမ်းနီရဲရဲပါးလျလျလေးအား ခြောက်သွေ့မည်စိုး၍ အဆီအနည်းငယ် ပွတ်လိမ်းလိုက်သည်။ အားလုံးပြီးတော့ ရိပေါ် အိတ်ထဲက ပစ္စည်းတွေကို ပြန်စစ်ရ၏။

ဦးကတော့ ခုထိရေချိုးခန်းက ထွက်မလာသေးပေ။ ရိပေါ် ဝတ္တရားရှိသည့်အတိုင်း ဦးဝတ်မည်ထင်သည့် အဝတ်အစား ပုံစံအား ရွေးပေးလိုက်သည်။ ရှပ်အပျော့လက်ရှည်ခဲရောင်အား style pantအနက်ဖြင့်တွဲကာ ထုတ်ပေးလိုက်သည်။ လက်ပတ်နာရီ အနက်အား တစ်ပါထဲ ထုတ်ပေးလိုက်သည်က ဦးသည် လက်ပတ်နာရီအမြဲ ဝတ်တတ်သူမှန်း ရိပေါ် သတိထားမိ၍။

*ရိပေါ်က ပြီးပြီလား*

ရေချိုးခန်းထဲက ထွက်လာသော ဦးသည် ဆံပင်ကို သဘက်ဖြင့် သုတ်ကာ မေးလာ၏။ မှန်ရှေ့သွားရပ်ပြီး မျက်နှာကို ခရင်မ်နည်းနည်း လိမ်းနေသေးသည်။

*ပြီးပြီ ဦး.! ဒါဆို ကျွန်တော် အောက်ခနဆင်းပြီး မားတို့ကို သွားလုပ်ကူလိုက်အုံးမယ်လေ*

မှန်ထဲကနေ ရိပေါ်ကို ဦးက ပြန်ကြည့်သည်။

*မသွားနဲ့..ဘယ်သူမှ မားတို့ကို လုပ်ကူမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ပသ္စည်းတွေစုံလားသာ ပြန်စစ်။ တစ်ခုခုကျန်နေခဲ့တာမျိုး မဖြစ်စေနဲ့*

*ဟုတ်ကဲ့ ဦး*

ရိပေါ် ဦးပြောသည့် ဘယ်သူမှ ကူညီမှာမဟုတ်ဘူးဆိုသည့် စကားကြောင့် ရိပေါ် ခေါင်းငုံ့ကာ ဦး၏စကားကို နာခံလိုက်ရသည်။ ဦးပြောသည့် အဓိပ္ပာယ်ကို ရိပေါ် နားလည်၍..။

*ဒါ ကိုယ့်ဖို့ ထုတ်ပေးထားတာလား*

*ဟုတ်*

*အဆင်ပြေသားပဲ*

ဦးဆီမှ ချီးကျူးသံမမည်သည့် ချီးကျူးသံကြောင့် ရိပေါ် နှုတ်ခမ်းစွန်းလေး တွန့်ကွေးသွားရ၏။ ရိပေါ် ထုတ်ပေးထားသည့် ရှပ်အကျီအား ဝတ်နေ၍ ရိပေါ် အလိုက်တသိပင် ဦးရှေ့သွားရပ်ကာ ကြယ်သီးတွေကို တပ်ပေးလိုက်သည်။

Supernal LoveWhere stories live. Discover now