*Extra*

18.1K 1K 122
                                    

*ရိပေါ်..ကိုယ်က မင်းကို တစ်ကယ်သဘောကျတာပါ*

*ကျွန်တော့်မှာ အိမ်ထောင်ရှိတယ်ခင်ဗျ*

ရိပေါ်မှာ ရှေ့ကလူကို ခေါင်းလေးအသာကုတ်ကာ ငြင်းရသည်။ အိမ်ထောင်ရှိပါတယ်ပြောတာကို မယုံသည့် ထိုလူ့အား ဘယ်လို လုပ်ပေးရမှန်းပင် မသိတော့။

အဒမ်ကို သွားနှင့်ခိုင်းပြီး ဦးကို တစ်ယောက်ထဲ စောင့်နေမိတာက ပြဿနာဖြစ်သွားသလား မသိတော့ပေ။ ဦးသာ လာရင် သေချာပေါက် စိတ်တိုအုံးမှာ။။

*ကိုယ် မင်းကို တစ်ကယ်ချစ်တာမို့လို့ အဲ့လို မဟုတ်တာတွေနဲ့ ကိုယ့်ကို မငြင်းပယ်ပါနဲ့လားကွာ နော်။ ကိုယ့်ကို မင်းအဖြေပြန်ပေးရင်လဲ ကိုယ် မင်းကြိုက်တာ လိုက်လျောမှာပါကွာ*

ရိပေါ် မျက်နှာလေးမဲ့ကာ ဦးလာမည့်ဆီကိုသာ မျှော်လိုက်သည်။ ထိုလူသည် ဦးတို့လို ချမ်းသာသည့်ထဲကပင် ဖြစ်လိမ့်မည်။ စီးလာသည့် ပြိုင်ကားက မနေ့က ရိပေါ် တွေ့မိလိုက်သည့် နောက်ဆုံးပေါ်ပြိုင်ကားလေး။

ထိုပြိုင်ကားထဲတွင် သူ့သူငယ်ချင်းတစ်ယောက်က ထိုင်စောင့်နေတာဖြစ်သည်။

*မဟုတ်ပါဘူး အကိုရာ။ ကျွန်တော့်မှာ တစ်ကယ်အိမ်ထောင်ရှိတာပါ။ အခုလဲ သူ ကျွန်တော့်ကို လာကြိုမှာ*

ရိပေါ်မှာ ထိုလိုပြဿနာတွေ ခနခနကြုံရသည်။ လူပျိုထင်ပြီး လာကြောင်ကြလို့ ဦးနဲ့ တွေ့ခဲ့တာတွေပင်မနည်း။ထိုအချိန်ကစပြီး အဒမ်နဲ့ပေးမလိုက်တော့ပဲ သူပဲအကြိုအပို့ လုပ်ပေးနေတာပင်။ အဒမ့်ကိုတော့ ပြိုင်ကားတစ်စီး ဝယ်ပေးထားပြီး ကိုယ်တိုင်မောင်းစေသည်။

အရင်က ရိပေါ်တို့ ကျောင်းမဆင်းခင် ရောက်နေတတ်သည့်သူက အခုတော့ အရေးကြီးကိစ္စရှိ၍ထင်။ တစ်ခါမှ နောက်မကျဖူးပဲ နောက်ကျနေခဲ့သည်။

*ကိုယ့်ကို မင်းညာနေတာ ရိပေါ်။ မင်းလို ဒီလောက် ချစ်စရာကောင်းပြီး ငယ်ငယ်ရွယ်ရွယ်လေးမှာ အိမ်ထောင်ရှိတယ်ဆိုတာ ကိုယ်တော့ မယုံနိုင်ဘူး*

*မယုံရင် ခင်ဗျား ခနစောင့်လိုက်ပါ။ ကျွန်တော့်အမျိုးသား ကျွန်တော့်ကို ကျောင်းလာကြိုမှာ*

Supernal LoveWhere stories live. Discover now