*5*

10.5K 917 75
                                    

*မုန့်လေး စားအုံး*

TVထိုင်ကြည့်နေသည့် ရိပေါ်နှင့် ဖေဖေ့အား မေမေသည် ကိုယ်တိုင်လုပ်လာဟန်တူသည့် မုန့်နှင့် အသီးအချို့အား ချလာပေးသည်။ မေမေက ရိပေါ်ဘေး လာထိုင်လိုက်၍ ရိပေါ်မှာ မေမေနဲ့ဖေဖေ့ကြားထဲ ထိုင်နေသလို ဖြစ်သွားသည်။

အလယ်ကနေဒူးလေးပိုက်ကာ ဆိုဖာနောက်မှီကို မှီရင်း မေမေယူလာပေးသည့် အသီးတွေကို စားကာ tvကြည့်ရသည့်ဇိမ်က မည်သည့်အရာနဲ့မှ မတူပေ။

မိဘအိမ်မှာသာ ရရှိနိုင်သော တစ်ခုထဲသော အရာသာဖြစ်သည်။

*ဒါနဲ့ ရှောင်းကျန့်က ဩဇီသွားပြီဆို*

မေမေ့ပြောသံကြောင့် ရိပေါ် ဇာတ်ကားကြည့်နေရင်းမှ နားတွေအား စွင့်ထားမိသည်။

*ဟုတ်တယ်လေ မင်းမောင်က ဩဇီသွားတာ။ ဟိုမှာ လျဲ့လီရှိတယ်ဆိုပေမယ့် သူ မသွားလို့လဲ မဖြစ်မှမဖြစ်တာ*

*အဲ့ကောင်လေးကလေ လုပ်ကျွေး၊ ပြင်ဆင်ပေးရမယ့် သားသမီးလဲရှိတာမဟုတ်၊ မိန်းမလဲ ရှိတာမဟုတ်ပဲ ကြိုးစားနေတာ ကြောက်စရာကြီး*

မေ့မေ့စကားကြောင့် ဖေဖေ့ဆီက ရယ်သံ ထွက်လာလေသည်။ ရိပေါ် ကိုယ်တိုင်လဲ ဇာတ်ကားထဲ စိတ်မဝင်စားတော့ပေ။

*အလုပ်လုပ်နေကြလူက မလုပ်ရရင်ကို မနေနိုင်တော့တာ မိန်းမရဲ့။ မင်းမောင်ကလဲ အဲ့လိုပဲ။ ပြင်ဆင်ပေးစရာ မိန်းမတွေ ဘာညာမရှိပေမယ့် သူက ငြိမ်ငြိမ်ကို မနေတတ်တော့တာလေကွာ*

*သူ့အသက်အရွယ်ဆို မိန်းမ ယူသင့်နေပြီကို။ ဒီလောက် ပျိုပျိုအိုအိုတွေ ဝိုင်းနေတာကို သူက စိတ်မဝင်စားသလို လုပ်နေတာ*

အဲ့တာတော့ ဟုတ်သည်။ ဦးဆီကိုဆို ပျိုပျိုအိုအိုတွေ ရောက်လာပြီး အမြဲကပ်နေတယ်ဆိုတာ မား တစ်ခါ ပြောဖူးသည်။ ဦးလို ပြည့်စုံသည့်သူကို ဘယ်မိန်းကလေးက ငြင်းနိုင်မှာလဲလေ။

*သူက မိန်းမထက် အလုပ်ကို ပိုချစ်နေတဲ့ကောင်လေကွာ။ အဲ့တာမို့လို့လဲ ရှောင်မိသားစုရဲ့ စီးပွားက တရုတ်တစ်နိုင်ငံလုံးကို တဖြေးဖြေး ဝါးမြိုတော့မယ်။ ဘယ်နေရာသွားသွား ရှောင်းကျန့် လက်မှတ်လေးများ ပါရင် အခက်အခဲကို မရှိဘူး*

Supernal LoveWhere stories live. Discover now