ထမင်းစားပွဲတွင် လူစုံတက်စုံ။ တစ်ယောက်မှမလျော့ရအောင် မနက်စာစားပွဲတွက် တွေ့ချင်ပါသည်ဟု ရှောင်းကျန့်သည် သူ့အမေကို မှာထားခြင်းဖြစ်သည်။
*ပြေားရာရှိလို့ဆို ရှောင်းကျန့်*
တီလျဲ့သည် သွက်လက်စွာ ထမေး၏။ ရိပေါ်ဘေးက ဦးသည် အရင်ကထက် တည်တင်းနေသော မျက်နှာဖြင့် အားလုံးကို ကြည့်သည်။ ညက ဘယ်အချိန်မှအိမ်ပြန်လာမှန်း မသိသည့် ဦးသည် ရိပေါ်နိုးတော့ အိပ်ယာထဲတွင် ရောက်နေ၏။
ရိပေါ်ကိုလဲ ဒီနေ့အလုပ်လိုက်ရမှာ ပြင်ထားဖို့ တစ်ခါထဲ မှာခဲ့၏။
*ငါတို့အခန်းထဲကို ခွင့်ပြုချက်မရပဲ ဘယ်သူမှမဝင်ထွက်ပါနဲ့။ သူ့စည်းကိုယ့်စည်းဆိုတာ ရှိတယ်။။ဘယ်သူဘယ်ဝါလို့ ငါ နာမည်မတပ်ဘူး.! နောက်တစ်ခါဆိုရင်တော့ by nameနဲ့ လာမယ်*
*အေးပါဟယ်..နင်ကလဲ မိသားစုအချင်းချင်းကို*
*မိသားစုအချင်းချင်းလဲ စည်းဆိုတာ ရှိရတယ်။ ငါ ဒီအိမ်မှာ ဘယ်သူ့အခန်းထဲ ခွင့်မတောင်းပဲ ဝင်ဖူးသလဲ။ အမေ့အခန်းထဲတောင် ငါဝင်တာမဟုတ်ဘူး။ အေး အဲ့လိုပဲ ငါ့အခန်းထဲလဲ ဘယ်သူမှ ဝင်တာမကြိုက်ဘူး*
ရှောင်းကျန့်၏ အကြည့်တွေသည် ဂျက်တို့ေမာင်နှမနှစ်ယောက်ဆီရောက်၏။ မေဘယ်လ်သည် သူမဟုတ်သလိုပင် ခပ်ပြုံးပြုံး။ ဂျက်သည်လဲ မျက်နှာကသာ ပြုံးနေပေမယ့် လက်အကြောတွေ ထောင်ထနေသည်အထိ ဒေါသထွက်နေပုံ။
*အေးပါ သားရယ်။ အမေပြောထားပါ့မယ်..အိမ်ကကောင်မလေးတွေကိုလဲ မဝင်ခိုင်းတော့ဘူးနော်။ ခနနေ အလုပ်သွားရမှာမလား..စိတ်လျှော့ပါ အကိုလေးရယ်*
*ကျွန်တော် ဝပြီအမေ.! ရိပေါ် အဲ့တာပြီးရင် အပေါ်ထပ် လိုက်ခဲ့။ အလုပ်ဝင်ဖို့ အဝတ်အစား တစ်ခါထဲလဲ*
*ဟုတ်ကဲ့ ဦး*
ဒေါသထွက်နေသည့် ဦးသည် ဘာကြောင့်မှန်း ရိပေါ် ရေရေရာရာမသိပေ။ အကုန်လုံးကို ဆူငေါက်သွား၍ အားလုံးက မျက်စိပျက်၊ မျက်နှာပျက်။ ရိပေါ်မှာ ကြားထဲက အားနာရသည်။ ဒီအိမ်မှာ ရိပေါ်က သူစိမ်းမလား။