*ရိပေါ်..ကိုယ့်ကို တဘက်လေး ကမ်းပါအုံးကွာ*
ရေချိုးခန်းတံခါးအား အသာလှပ်ကာ တောင်းဆိုလာသူကြောင့် လက်သွယ်သွယ်နုနုလေး တစ်ဖက်သည် တဘက်အပွကြီးတစ်ထည်အား ဆွဲယူကာ ရေချိုးခန်းရှေ့ မတ်တပ်ရပ်လိုက်သည်။
ပြီးနောက် ရေချိုးခန်းကို ဖွင့်ကာ အထဲသို့ ဝင်ခဲ့လိုက်သည်။
*ကလေး*
ခေါင်းလျှော်နေသူသည် ဆပ်ပြာအမြှုပ်တွေနှင့်မို့ ဝင်လာသူကို သတိမထားမိ။ လက်ထဲသို့ ထည့်လာပေးသည်က တဘက်မဟုတ်ပဲ လက်တစ်ဖက်ဖြစ်နေသည်။
ရှောင်းကျန့် ခေါင်းထဲ အချက်ပေးသံတွေ မြည်နေ၏။ ရိပေါ်သည် ဒီလိုလုပ်တတ်သည့် ကလေးမဟုတ်။ အနေအထိုင် ပိရိလွန်း၍ ရှောင်းကျန့်ကပင် သတိထားပြီးနေပေးရသည့် ကလေး။ ပြီးတော့ ရှောင်းကျန့် အခုကိုင်ထားသည့် လက်သည် ရိပေါ်လက်တွေထက်သေးသည်။ လက်ချောင်းအရှည်သည်လဲ ရိပေါ်လောက်မဟုတ်ပေ။
ရှောင်းကျန့် ခပ်မြန်မြန်ပင် ရေကိုဖွင့်ကာ ခေါင်းမှ ဆပ်ပြာမြှုပ်တွေကို လျှော်ပစ်သည်။ ခါးကို လာရစ်သိုင်းသည့် လက်တစ်စုံကြောင့် သေချာပေါက် ဒါက ရိပေါ် မဟုတ်တော့ဘူး။
*မင်း ဘယ်လိုဝင်လာတာလဲ မေဘယ်လ်*
ရှောင်းကျန့် မေဘယ်လ့်၏ လက်ကို ဆွဲဖြုတ်ကာ ခပ်မြန်မြန်ဆောင့်တွန်းပစ်ရင်း မေဘယ်လ့်လက်ထဲမှ တဘက်ကိုယူပြီး အောက်ပိုင်းကို ပတ်လိုက်သည်။
သူ ရှက်လို့တော့ မဟုတ်ပေ။ မသင့်တော်၍။
*ရေအတူတူ ချိုးရအောင်လေနော် ကိုကို။ ရိပေါ်က အခုချိန်ဆို အပြင်ရောက်နေပြီ..ကိုကိုနဲ့ မီးငယ်ပဲ ရှိတော့တာလေနော်*
*မင်း စောက်ရှက်မရှက်ဘူးလား.! ငါ့အခန်းထဲက အခုထွက်သွားစမ်း*
*မထွက်သွားနိုင်ဘူး.! မေဘယ်လ် ကိုကို့ကို ချစ်တယ်*
ရှောင်းကျန့်ကို လာဖက်သည့် မေဘယ်လ့်အား ရှောင်းကျန့် တွန်းလွှတ်ပစ်၍ အောက်သို့ ပုံပျက်ပန်းပျက် ပြုတ်ကျသည်။ ဝတ်ထားသည့် ဂါဝန်တိုတိုရင်ပြတ်ကလဲ မပေါ်သင့်တာတွေ ပေါ်သွား၍ ရှောင်းကျန့် ဖျတ်ခနဲ အကြည့်လွှဲကာ အပြင်ဘက် ထွက်လာခဲ့သည်။