*လျဲ့လီ ယူမယ့်ကောင်လေးက ဒီကပဲလား သားငယ်*
*ဒီကပါပဲ မား။ ဂျက်တဲ့..လူရည်မွန်လို့ပဲ ပြောရမလား*
ရှောင်မားမှာ သက်ပြင်းချရသည်။ သားပြန်လာလို့ သမီးလတ်၏ သတင်းကြားကြားချင်း သူမမှာ နေမထိထိုင်မသာ။ ဒီကလေးမက အကြီးမနဲ့ မတူ။ သွက်သည်၊ ဖျတ်လတ်သည်။ ဩဇီမှာ နေခဲ့တော့ ပိုဆိုး၏။
သားက သူ့အမသတင်းတွေ ကြားလို့ အလုပ်ရှိသည်ဆိုပြီး ဩဇီကို လိုက်သွားခဲ့ကြောင်း၊ ဟိုရောက်မှ အိမ်ကို ဖုန်းဆက်လာသည်။ ထိုလိုကျတော့ သူမမှာ သားကိုပင် သေချာလေ့လာပေးဖို့ မှာခဲ့ရ၏။
*လျဲ့လီ အမျိုးသားက ဘာအလုပ်လုပ်လဲ မောင်လေး။ မျိုးရိုးကရော ကောင်းလား*
*မျိုးရိုးလဲ ကောင်းပါတယ်။ ငါတို့လိုပဲ မိသားစုပိုင် လုပ်ငန်း လုပ်တာပေါ့။ လူက အရပ်ရှည်ရှည်နဲ့ နိုင်ငံခြားရုပ်ပဲ။ နောက်ရက်ဆို အကုန်လုံး တွေ့ရမှာပဲ။ လျဲ့လီကို လာတောင်းမယ်တဲ့*
ရှောင်းကျန့် ဆိုဖာနောက်မှီကို မှီလိုက်ရင်း ခါးကို ဆန့်လိုက်သည်။ ဩဇီက ရောက်ရောက်ချင်း မနားရသေးပေ။ မားတို့ မေးသမျှကို ထိုင်ဖြေရ၏။
မား စိတ်ပူမှာစိုး၍ ရှောင်းကျန့် မပြောခဲ့ပေမယ့် လျဲ့လီလူကို သူကြည့်မရပေ။ ရုပ်က ဖြောင့်မတ်မှုမရှိ၊ အသား နီစပ်စပ်နှင့် စကားသွက်သည်။ စကားလုံးနဲ့ အခြားလူကို သိမ်းသွင်းနိုင်မှန်း သူသိလိုက်၏။
ပြီးတော့ လျဲ့လီ။ ဘယ်လိုမှပြောလို့မရပေ။ ပြီးတော့ ဟိုကောင်တွေက ထည်ကြီးပျက်တွေလို ဖြစ်နေ၏။ သူ ဒါတွေကို စိတ်မဝင်စားပေမယ့် သူ့အမကို အပိုင်ချိုင်ထားမှန်းတော့ သူသိနေသည်။
ကြည့်ရတာ လျဲ့လီထိုကောင်နဲ့ အတူနေပြီးလောက်ပြီ။ အဲ့တာမို့ ဇွတ်အတင်း လက်ထပ်မယ်ကြည့် ပြောနေခဲ့မှန်း သူတို့နေပုံထိုင်ပုံတွေကို တစ်ချက်အကဲခတ်ရုံဖြင့် သိလိုက်၏။
*သားငယ် အဆင်ပြေတယ်ဆိုလဲ ပြီးတာပါပဲ။ သမီးလတ်က ဘယ်နေ့ပြန်လာမယ်တဲ့လဲ*
*မနက်ဖြန်မေမေ။ မနက်ဖြန် အစောဆုံး လေယာဉ်နဲ့ ပြန်လာလိမ့်မယ်*