ရှောင်းကျန့် အခန်းထဲဝင်လာသည်နှင့် မတ်တပ်ရပ်လာသည့် ရိပေါ်။ ရှောင်းကျန့် အဝတ်အစားလဲသည့် နေရာသို့ တိုးလာကာ လက်ထဲတွင် စာချုပ်နှစ်ခုအား ဆုပ်ကိုင်ထားလေသည်။
ဘာတွေလဲဆိုတာ ရိပေါ်မပြောလဲ သူသိလိုက်သည်။ ကွာရှင်းစာချုပ်တွေ။
*ကွာရှင်းကြရအောင်*
*ဘာအတွတ်လဲ*
ရိပေါ်သည် သူ့အား ကြည့်မနေပဲ အခြားနေရာဆီကိုသာ အကြည့်တွေကို ပို့ထားသည်။ သူ့ကို မကြည့်ချင်လောက်အောင်၊ မုန်းတီးသွားအောင်၊ မယုံကြည်နိုင်လောက်အောင် သူ လုပ်ခဲ့သည်ပဲ။
*ဦးလဲ ကျွန်တော့်ကို မသတီဘူးမလား။ အဲ့တော့ ဘာအတွတ် အတူတူရှိနေကြအုံးမလဲ။ ကျွန်တော်တို့ လမ်းခွဲလိုက်ကြတာပေါ့*
*ငါက မသတီဘူး.! မင်းကိုလား*
ရှောင်းကျန့်သည် ရိပေါ်ဆီမှ သူတစ်ခါမှတွေးတောင်မတွေးဖူးသော စကားကို ကြားလိုက်ရ၍ မျက်ဝန်းတွေက စူးရှသွားသည်။ ဝမ်ရိပေါ်က သူ့ကို ဘယ်လိုကောင်လို့ ထင်နေတာလဲ။
*စကားတွေ အများကြီးထပ်မပြောချင်တော့ဘူး ဦး။ ကွာရှင်းစာချုပ်မှာပဲ လက်မှတ်ထိုးလိုက်ပါတော့*
*ငါက မထိုးဘူးဆိုရင်ရော*
*ဘာဖြစ်ချင်နေတာလဲ။ ကျွန်တော့်ကို ဘာဖြစ်စေချင်နေတာလဲ။ ဦးမှာ မေဘယ်လ်လဲ ရှိနေပြီမလား။ ကျွန်တော်..ကျွန်တော့်ကို ကွာရှင်းပေးပါတော့*
ရှောင်းကျန့်သည် အကျီကြယ်သီးတွေကို တပ်ကာ ရိပေါ်၏ ပုခုံးကို တိုက်ပြီး မွေ့ယာပေါ် သွားထိုင်သည်။
*ငါ သေရင်တောင် မင်းကို ကွာရှင်းပေးမှာမဟုတ်ဘူး*
*ဦး.!!*
ရိပေါ်သည် တစ်ခါမှ မအော်ဖူးသော သူ့ကို အော်လာလေသည်။သူ့ရှေ့လာရပ်ကာ မျက်လုံးဝိုင်းဝိုင်းတွေတွင်လဲ မျက်ရည်တွေက စီးကျလာသည်။
*ကျွန်တော့်ကို မသတီပဲ ဘာလို့..ဘာလို့များ*
*အင့်..ပြွတ်စ်*
ရိပေါ်၏ လက်ကောက်ဝတ်အား ဆောင့်ဆွဲပြီး နှုတ်ခမ်းပါးလျလျလေးအား မွတ်သိပ်စွာ နမ်းရှိုက်ပစ်သည်။ သူ့ရင်ဘတ်ကို ထုရိုက်နေသည့် လက်ကလေးတွေကို လျစ်လျူရှူပြီး အနမ်းတွေထဲ ပိုအားထည့်ပစ်လိုက်သည်။