*33*

12.2K 830 155
                                    

ရိပေါ် ဦးကို ရှင်းပြဖို့ အကြာကြီးထိုင်စောင့်နေခဲ့ပေမယ့် ညနက်သည်အထိ ဦးသည် ပေါ်မလာခဲ့ပေ။ ဝရံတာဘက်ထွက်ကာ ဦး၏ကားလေးအား မြင်ရမလားဆိုပြီး မျှော်ကြည့်ပေမယ့် မှောင်မဲမဲအရိပ်တွေကသာ ဖုံးလွှမ်းနေသည်။

အပြင်မှာ အရမ်းအေးနေပေမယ့် ရိပေါ် အံတုထား၏။ အေးတယ်လို့လဲ မခံစားရ။ သူ့စိတ်ထဲ ရှိနေသည်က ဦး ပြန်လာမည့်အချိန်။ ညတောင်နက်နေပြီ ဦးက ပြန်မလာသေးပဲ။ အရင်က ရိပေါ်နဲ့ စိတ်ဆိုးလျှင်တောင် အိမ်ကို ရောက်အောင်ပြန်လာတတ်သူက အခုတစ်ခါတော့ တစ်ကယ်ကို ရောက်မလာခဲ့တော့ပေ။

ရိပေါ်အနားမှာပဲ အမြဲရှိကာ ကလေးဟုတစ်မျိုး၊ ချာတိတ်ဟုတစ်ဖုံ မျိုးစုံသော အမည်နာမတွေနဲ့ ခေါ်ဆိုတတ်သော ဦးသည် ရိပေါ်ကို တစ်ကယ်လျစ်လျူရှုလိုက်ပုံရ၏။

ရင်ထဲနင့်ကာ မျက်ရည်တွေက ကျလာပြန်တော့ လက်ဖနောင့်နှင့် ဆွဲသုတ်ကာ ဦး၏ လာရာလမ်းကို မျှော်မိပြန်သည်။ ဒါပေမယ့် မနက်လင်းခါနီးအထိ ပြန်မလာသူကြောင့် ရိပေါ် အခန်းထဲ ပြန်ဝင်လာကာ အိပ်ယာပေါ် လဲလျောင်းလိုက်သည်။ တစ်ကိုယ်လုံး စိုရွှဲနေသော နှင်းတွကြောင့် အိပ်ယာလေးသည်လဲ ရိပေါ်၏ ပယောဂကြောင့် စိုရွှဲနစ်သွားရသည်။

ပါးပြင်ပေါ် ကျဆင်းလာသည့် မျက်ရည်တွေအား မဖယ်ရှားမိပဲ အိပ်ယာပေါ် ကွေးကွေးလေး အိပ်လိုက်၏။ ခနအကြာတွင် ရိပေါ် အိပ်ပျော်သွားခဲ့လေသည်။

*မေဘယ်လ် ဒီနေ့ ကိုယ်နဲ့အလုပ်လိုက်မှာမလား*

ထမင်းစားခန်းပေါက်ဝတွင် ရပ်နေသော ရိပေါ်သည် ကြားလိုက်ရသည့် စကားသံအား မယုံနိုင်သလို။ တစ်ညလုံး မျှော်နေသူသည်လဲ ရိပေါ် အိပ်ပျော်သွားသည့် အချိန်မှအိမ်ကို ပြန်ရောက်လာသည့် ပုံပင်။ ဆွယ်တာအနက်နှင့် Pantအနက်ကို တွဲဝတ်ထားပြီး ခေါင်းလျှော်ထားပုံရသည့် ဆံပင်တိုကပ်ကပ်တွေက အနည်းငယ် ဖွာချင်နေလေသည်။

*လိုက်မှာပေါ့ ကိုကိုရဲ့။ ကိုကို အခုလို ခေါ်မယ်လို့တောင် မထင်ထားဘူး*

*ငါ့မောင် လူစားများ လဲခံလိုက်ရသလား*

အားလုံးက ရယ်ရယ်မောမော။ မရယ်မောနိုင်သည်က ရိပေါ် တစ်ယောက်ထဲ။ မားသည်လဲ အပြင်ထွက်လာပုံမရ။ ထိုထမင်းစားခန်းထဲ ရိပေါ် ဝင်လိုက်သည်နှင့် အားလုံး၏ မျက်နှာတွေဟာ ရုတ်ချည်းပြိုပျက်သွားကျကာ ရယ်သံတွေ ရပ်သွားသည်။

Supernal LoveWhere stories live. Discover now