*31*

10.7K 877 232
                                    

ကားအတူစီးကြပေမယ့် ရိပေါ်အရင် ထိုင်လိုက်သည့် သူမကြောင့် ရိပေါ်ဟာ အလိုအလျောက် အနောက်ထိုင်ခုံမှာ ထိုင်လိုက်ရသည်။ အနောက်တိုင်း ဝတ်စုံအပြည့်နှင့် ဦးသည် ထိုအခြေအနေကို တစ်ခွန်းပင် မဟ။ မသိသလိုသာ နေနေလေသည်။

ရိပေါ် ထိုမျှလောက်ထိတော့ အတွေးတိမ်သော သူတစ်ယောက်မဟုတ်ပေမယ့် ဦး အနားသို့ ဇွတ်ကပ်ကာ ရင်ဘတ်ကို ဦးလက်မောင်းနှင့် မထိထိအောင် နေနေသည့် သူမကြောင့်တော့ ရိပေါ် အကြည့်တွေကို တစ်ဖက်သို့ လွှဲထားလိုက်ရပါသည်။

*ဘော့စ်.!*

ကုမ္ပဏီသို့ ရောက်သည်နှင့် ရိပေါ် မဆင်းခင် မေဘယ်လ်နှင့် ဦးက အရင်ဆင်းသည်။ မေဘယ်လ်သည် လုပ်ငန်းခွင်ကို ဦးစီးရမည့် သူ မလို့ ဦး၏ အတွင်းရေးမှူးနေရာကနေ ရှိမည်တဲ့။

*အာ့.!!*

ရိပေါ်ကို မစောင့်ပဲ ခြေလှမ်းလှမ်းနေသော ဦးသည် ရိပေါ်ဆီမှ နာကျင်သံကြောင့် အနောက်ကို အနည်းငယ်တော့ လှည့်ကြည့်၏။ ကားပေါ်ကနေ ခြေထောက်ခွေကာ ဆင်းမိခြင်း။

ဦးနှင့်သူမအကြောင်းတွေးပြီး ဆင်းမိသွားခြင်းပင်။ နာကျင်သွားသော ခြေချင်းဝတ်သည် အောင့်မျက်မျက်။ လျစ်လျူရှုကာ ကုမ္ပဏီအတွင်းသို့ ဝင်သွားသည့် ဦးကြောင့် မျက်ရည်က ပေါက်ကနဲ။

နာကျင်ရပါတယ်..ခြေထောက်ကတော့ မဟုတ်ပေမယ့် ရင်ဘတ်ထဲမှ အသည်းစိုင်တွေက။ သူမသည် ရိပေါ်ကို လှောင်ပြုံးဖြင့် ရပ်ကြည့်နေပြီးမှ တစ်ချက်ရယ်ကာ ဦးအနောက်သို့ ပြေးလိုက်သွားလေသည်။

*အကိုလေး..ရလားဗျ*

*ဟုတ်ကဲ့..ရတယ် အကို*

ရိပေါ် မျက်ရည်စတွေကို ဆွဲသုတ်ကာ ပြန်ထလိုက်သည်။ နာကျင်မှုကြောင့် အသည်းတွေပင် အောင့်မျက်သွားသလို။ ဒါပေမယ့် သူ အားတင်းထား၏။ ထော့နဲ့ထော့နဲ့နှင့် ဓာတ်လှေကားထဲ ဝင်လိုက်သည်။

ရိပေါ်အနောက်တွင်တော့ ဦး၏ အတွင်းရေးမှူးဆိုသူက ကပ်ပါလျက်ပင်။

*ကျွန်တော်က‌လဲ ဘော့စ်ရဲ့ အတွင်းရေးမှူးပါပဲ အကိုလေး။ ဟိုကောင်မလေးကသာ ကျွန်တော့်လက်ထောက်လို သဘောမျိုးပါ။ ဘော့စ်နဲ့ အနီးကပ်မနေရပါဘူး။ အစည်းအဝေးတွေဆိုလဲ ကျွန်တော်နဲ့အတူတူ သုံးယောက်စလုံး တက်ရမှာပါ အကိုလေး*

Supernal LoveWhere stories live. Discover now