*26*

10.5K 831 109
                                    

ရှောင်းကျန့် အလုပ်စားပွဲတွင် ကပ်လျက်ထိုင်ကာ အလုပ်လုပ်နေသူက ရိပေါ်။ ရှောင်းကျန့် မျက်နှာသည် အလိုမကျမှုတွေကြောင့် ခက်ထန်နေ၏။ ညစာစားတော့လဲ ခပ်သွက်သွက်စားကာ အပေါ်ထပ်ပြေးတက်သွားသူ။ ရှောင်းကျန့် မားတို့နှင့် စကားခနပြောပြီး အပေါ်တက်လာတော့လဲ ထိုင်လျက် အလုပ်လုပ်နေသည်။

အခုလဲ အလုပ်တွေက ပြီးသေးပုံမရ။ အခုမှ အလုပ်စဝင်တဲ့ ကလေးက သူ့ထက်အလုပ်ပိုများနေပုံ။ မျက်နှာလေးက အလုပ်တွေကြောင့် ပန်းပြီး နွမ်းနယ်နေ၏။

*ရိပေါ်.!*

*ဗျာ..ဦး*

ရှောင်းကျန့်ကိုပင် လှည့်မကြည့်နိုင်။ ဖိုင်တွေအများကြီးထဲ ခေါင်းနှစ်နေ၏။ ရှောင်းကျန့် မသိမသာဖြင့် ကလေးအလုပ်လုပ်နေသည့်ထဲကို အသာစောင်းငဲ့ကြည့်လိုက်သည်။

လချုပ်စာရင်းတွေ..။

*ဒီလချုပ်တွေက မင်းကို ဘယ်သူပေးလိုက်တာလဲ*

ထိုအခါမှ ကပြာကယာ မော့ကြည့်လာသည့် မျက်ဝန်းလေးက အရောင်တွေ မှိန်လို့။ မျက်နှာလေးက အကြည်မသာနှင့် အရမ်းနွမ်းနေသည့် ပုံစံလေးက မနိုင်ဝန်တွေ ထမ်းထားရ၍။

ရှောင်းကျန့် ရင်ထဲ ဆစ်ခနဲ ဖြစ်သွားကာ ရိပေါ်၏ မျက်နှာကို သေချာစိုက်ကြည့်သည်။

*လက်ထောက်က ပေးလိုက်တာ ဦး။ ကျွန်တော် ကုမ္ပဏီမှာ မပြီးခဲ့လို့ အိမ်ထိသယ်ပြီး လုပ်နေရတာ*

‌ရိပေါ်ဆီက ကြားရသည်နှင့် ရှောင်းကျန့်သည် စားပွဲပေါ်က ဖုန်းအား ကောက်ယူကာ ဝရံတာဆီ ထွက်လာခဲ့သည်။ အနောက်မှ ကျန်ခဲ့သည့် ရိပေါ်က အခုထိ တကုပ်ကုပ်နှင့် အလုပ်လုပ်နေဆဲ။

*မင်းကို ငါ ဘယ်လိုမှာထားလဲ*

*...................*

ရှောင်းကျန့်၏ ဆူငေါက်သံသည် ခပ်တိုးတိုး။ ရှေ့လျှောက်နောက်လျှောက်ဖြင့် ကြားရသည့် စကားသံတွေအား လည်ပင်းကြောကြီးထောင်ကာ နားထောင်နေလေသည်။

အကြည့်တွေသည်လဲ စားပွဲပေါ်တွင် တကုပ်ကုပ်နှင့် အလုပ်လုပ်နေသော ရိပေါ်ဆီ။

Supernal LoveWhere stories live. Discover now