*မေမေ ချက်ထားတာ အရမ်းကောင်းတာပါပဲ*
*မသိရင် ယောက္ခမအိမ်က ထမင်းမစားလာရတာ ကျနေတာပဲ သားသားရယ်*
မနက်စာစားနေသော ရိပေါ်သည် သူ့မားမားအား ဟီးခနဲ ရယ်ပြလိုက်၏။ မနက်ပိုင်း အိမ်ကို အလည်သွားချင်၍ မားနှင့်ဦးကို ရိပေါ် ခွင့်တောင်းခဲ့၏။ ဦးက အလုပ်သွား၍ ရိပေါ် တစ်ယောက်ထဲသာ လာရသည်။
*ဖေဖေရော*
*သားဖေဖေက ဒီနေ့ ခေါင်းနည်းနည်းထိုးကိုက်နေလို့ နားမယ်ပြောပြီး အခုကျ ရပ်ကွက်ထဲက လူကြီးတွေ လာခေါ်သွားလို့ လိုက်သွားတယ်*
ရိပေါ် မနက်စာစားပြီးသည်နှင့် ဘေစင်တွင် ပန်းကန်ဆေးလိုက်သည်။ မေမေကတော့ နေ့လည်စာ ချက်ပြုတ်ဖို့ ပြင်နေ၏။
ရိပေါ် အနောက်ကနေမေမေ့ခါးလေးအား ဖက်ကာ မေမေ့ပုခုံးပေါ် ခေါင်းလေးမှီထားလိုက်သည်။ ဦးတို့အိမ်က ဘယ်လောက်ကောင်းတယ်ပြောပြော ရိပေါ် မိဘတွေ၏ နွေးထွေးမှုတွေကိုတော့ မမှီပေ။
*အရင်လို ထမင်းတွေ အများကြီးမချက်ရပဲ လျော့ချက်နေရပြီလား မေမေ*
*၂လုံးလောက်ပေါ့ သားသားရယ်။ တစ်ခါတစ်လေတော့လဲ လင်မယားနှစ်ယောက်အိမ်မှာမစားချင်ရင် အပြင်ထွက်စားလိုက်တာပဲ..ချက်မနေတော့ဘူးလေ*
*အိမ်မှာ တစ်ယောက်ထဲ ပျင်းနေမှာပဲနော် မေမေ*
မေမေသည် ရိပေါ်ဘက် လှည့်ကြည့်ကာ ပါးဖောင်းဖောင်းလေးကို အသာဆွဲညှစ်၏။ မေမေသည်လဲ ငိုချင်နေမှန်း သိသာစွာ မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်၏။ ဒါနဲ့များ ဘာလို့ သားကို ဦးနဲ့ပေးစားခဲ့သလဲ၊ လက်ထပ်စေခဲ့သလဲ မေမေရယ်။
*မျက်စိတော့ ရှာတာပေါ့ သားရယ်။ အရင်က သားအဖေအလုပ်သွားရင် သားမိနှစ်ယေုကာ ရယ်ရယ်မောမောနဲ့ ပျင်းစရာမကောင်းဘူးလေ*
*သား ခနခနလာလည်မယ်လေ မေမေ*
မေမေသည် ရိပေါ်၏ လက်ကိုဆွဲကာ ထမင်းစားပွဲတွင် ထိုင်စေသည်။ ပြီးနောက် ရိပေါ်၏ ဆံပင်နုနုလေးတွေအား အသာဆွဲဖွကာ
*အဲ့လိုလုပ်တော့ ဘယ်ကောင်းမလဲ သားရယ်။ တစ်ရက်က မသိသာပေမယ့် နေ့စဉ်ရက်ဆက်ဆို သားယောကျာ်းဘက်က မိသားစုက ကြည်ပါတော့မလား။ မေမေတို့ဆီ ပိုက်ဆွတွေရောက်၊ ဟိုဟာကျတယ်၊ ဒီဟာကျတယ်နဲ့ ပြောစရာတွေ ဖြစ်ကုန်မှာ သားရဲ့။ သားက လူချည့်လာပေမယ့် သူတို့စိတ်ထဲမှာ ကြာရင် တွေးလာနိုင်တယ်*