ဒင်နာပွဲသည် အကျဉ်းချုံ့လုပ်သည်ဟု ဆိုပေမယ့် မကောင်းတတ်ဘူး ဖိတ်ရမှာ ဆိုသည့်လူတွေကြောင့် အယောက်၃၀လောက် ဖြစ်သွားသည်။
ရိပေါ်တို့ဘက်က ဖိတ်ရသည့်လူက အနည်းငယ်သာ ရှိပြီး ဦးဘက်က အသိတွေ၊ လုပ်ငန်းရှင်တွေဖြင့်သာ ပြည့်နေသည်။ ဦး၏ လက်ထပ်ပွဲဆိုသော သတင်းကြောင့် လာသည့်လုပ်ငန်းရှင်တွေလဲ ရှိသလို၊ ဦး၏ မျက်နှာကြောင့်ဟုဆိုတာ ပြည်ပကနေတကူးတက လာကြသည့် ဧည့်သည်များလဲ ရှိသည်။
အားလုံးက အသက်၄၀,၅၀နီးပါးနှင့် ငယ်သူဆိုလို့ ၃၅နှစ်တွေလောက်သာ တစ်ယောက်နှစ်ေယာက်ရှိ၏။
ဦးသည် Suitမီးခိုရောင်ဝတ်ကာ ရိပေါ်သည်လဲ ဦးနှင့်အတူတူပင်ဖြစ်သည်။ ရောက်လာသည့် အန်တီတိုင်းသည် ရိပေါ်မျက်နှာလေးကို ထိလိုက်၊ လက်ကလေးကိုင်လိုက်ဖြင့်။
*မစ္စတာရှောင်းကတော့ဗျာ အရင်ကတော့ မဂ်လာ မ ဆောင်တော့မလိုလိုနဲ့ အခုကျ ကလေးကို မုန့်ပေးကြိုက်ထားတာလားဗျ*
*ဟားဟား..အဲ့လိုပဲ ပြောရမလားဗျို့။ ကလေးကလဲ ချစ်စရာလေးဗျာ ကြည့်အုံး။ မစ္စတာရှောင်းတို့ မုန့်ပေးကြိုက်တာလဲ မမှားပါဘူး*
အသက်ကြီးကြီးလူကြီးတွေ၏ စနောက်မှုတွေကြား ရိပေါ်မနေတတ်စွာ ဦး၏ လက်မောင်းကိုသာ ကျစ်နေအောင် ဆုပ်ထားသည်။
*မစကြနဲ့တော့..ဒီမှာ ကျွန်တော့်ကောင်လေး မနေတတ်တော့လို့*
*အရင်ကတော့ ဘယ်သူ့ကိုမှ ကဲကဲမလှုပ်တဲ့ မစ္စတာရှောင်းတို့က အခုကျ ကဲသဲနေတာများဗျာ*
*ကဲကဲ..ဟိုကလေး မျက်နှာတွေရဲနေပြီ။ မစကြနဲ့တော့ဗျို့*
*ကဲကဲ ကျွန်တော်သွားပြီ.! အားမနာနဲ့နော် သောက်ကြ*
အရမ်းရှက်နေသည့် ရိပေါ်ကို ကြည့်ကာ ဦးသည် ထိုနေရာက ထွက်လာခဲ့ကာ အခြားဝိုင်းကို ဧည့်ခံလေသည်။ ရိပေါ်ကို မြင်တိုင်း ချစ်စရာလေး၊ သဘောကျစရာလေး၊ သေးသေးကွေးကွေးလေးဆိုသည့် စကားတွေနှင့်ပင် နားနှင့်မဆံ့ပေ။
ဦးကတော့ ပြုံးနေပြီး ရိပေါ်ကို ဖက်ထားလိုက်၊ လက်မောင်းကို တွဲချိတ်ခိုင်းလိုက်ဖြင့်သာ ။