*ဝုန်း.!!*
ဆိုဖာကို ဆောင့်ကန်လိုက်သည့် ကန်ချက်က ပြင်းသည်။ ရိပေါ် ကြောက်၍ နားကိုပိတ်ကာ အနောက်သို့ အနည်းငယ် ဆုတ်သွားသည်။ ဒေါသထွက်နေသည့် ဦးသည် စားပွဲပေါ်မှာ ဖန်ခွက်တွေ၊ အလှပန်းအိုးတွေကို နံရံဆီသို့ ပစ်ပေါက်နေ၏။ အပေါ်ကုတ်ကိုလဲ ချွတ်ကာ ကြမ်းပြင်ပေါ် ပစ်ပေါက်ပစ်သည်။
တောက်တခေါက်ခေါက်နှင့် ရှူးရှူးရှာရှာ ဖြစ်နေသော ဦးကို ရိပေါ် ဝင်မဆွဲရဲ။ ဤမျှလောက်ထိ ရုပ်ပျက်ဆင်းပျက် ဒေါသထွက်နေသော ဦးကို မမြင်ဖူးတာကြောင့်လဲ ပါလိမ့်မည်။
*မနေ့ညက ဘယ်ကို သွားခဲ့တာလဲ ဝမ်ရိပေါ်*
ရိပေါ်ကို လှည့်ကြည့်ကာ စူးဝါးစွာ မေးလာသည့် စကား။ ရိပေါ် ကြောက်လန့်စွာ ဦး၏မျက်နှာကို မကြည့်ရဲပဲ
*ပါ..ပါတီပွဲပါ ဦး။ အကိုယွမ်ဖုန်း ဖိတ်လို့ အဒမ်နဲ့အတူ သွားခဲ့တာပါ*
*ငါ့ကို ဘာလို့ မပြောခဲ့တာလဲ ဝမ်ရိပေါ်။ ငါ့ကို ဘာကြောင့် မပြောခဲ့တာလဲ။ ငါ မင်းကို ကာကွယ်ပေးချင်တာတောင် မင်း ကိုယ်တိုင်က ငါ့အပေါ် သိုဝှက်ထားတော့ ငါ မင်းကို ဘယ်လိုကာကွယ်ပေးရမလဲ ဟမ်.!!*
ရှောင်းကျန့် ဒေါသကြောင့် လက်တွေတဆက်ဆက်တုန်လာသည်။ သူ့ရှေ့မှာ ကလေးကို ကြည့်တဲ့အကြည့်တွေကနေ သူ မကာကွယ်ပေးနိုင်ခဲ့ဘူး။
ဝမ်ရိပေါ် အရှေ့ကနေ သူ မားမားမတ်မတ် ရပ်တည်ပြီး မကာကွယ် ပေးနိုင်ခဲ့ဘူး။ သူ ရှိနေရဲ့နဲ့ ရိပေါ်ကို ထိုလို အကြည့်တွေကနေ မဝှက်ပေးထားနိုင်ခဲ့ဘူး။
ရိပေါ်ကို သူ စိတ်ဆိုးသည်။ ဒါပေမယ့် သူ့ကိုယ်သူ ပိုဒေါသထွက်သည်။
*ပြော.! အဲ့နေ့က ဘာတွေဘယ်လိုဖြစ်တာလဲ အစအဆုံးပြော*
ခေါင်းငုံ့ကာ ဘာမှပြန်ဖြေမလာသည့် ရိပေါ်ကြောင့် သူ ဆက်မေးလိုက်သည်။ အိပ်ယာပေါ်တွင် ပုံစံမျိုးစုံဖြင့် အိပ်နေသော ရိပေါ်နှင့် အခြားယောကျာ်းတစ်ယောက်။ ထိုယောကျာ်း၏ မျက်နှာအား ဝါးထားလျှင်တောင် ရှောင်းကျန့် ထိုကောင့်ကို မှတ်မိသည်။
ယွမ်ဖုန်း.! မုယွမ်ဖုန်း။
*ကျွန်တော် အ..အရက်သောက်ခဲ့မိတယ်။ ပြီးတော့ အပြင်သွားချင်လို့ဆိုပြီး အကိုယွမ်ဖုန်းကို အကူအညီတောင်းခဲ့တယ်။ ပြီးတော့..ပြီးတော့ ဘာဖြစ်မှန်း ကျွန်တော် မမှတ်မိတော့ဘူး*