Zawgyi version,
*မင်းကိုယ်မင်း ဒီတစ်ခေါက်စစ်ရှုံးတာ သိပ်ကိုဂုဏ်ယူစရာ ကောင်းနေသလား ပတ်ခ်ဂျီမင်း*
ပုလ္လင်ထက်တွင် မိန့်မိန့်ကြီးထိုင်ကာ အမတ်တွေကြား
တွင် မင်တိုင်းပြည်၏ အိမ်ရှေ့စံမင်းသားအား
အားနှင့်မာန်နှင့် ကြိမ်မောင်းနေသော ဘုရင်ဟာ
သိပ်ကို ခက်ထန်နေခဲ့တာ။ညီလာခံခန်းမ၏ အလယ်ခေါင်တွင် ဒူးတစ်ချောင်း
ထောက်ကာ အိမ်ရှေ့စံ၏ လက်စွဲတော်ဓားမြောင်ရှည်အား
ကျောထက်တွင် စလွယ်သိုင်းကာ ဖခမည်းတော်
ပြောသမျှကို ခေါင်းငုံအံကြိတ်ကာ ငြိမ်ခံနေရသည့်
ဒီနေ့ကို သေတဲ့အချိန်အထိမမေ့ဘူး။အသက်ကြီးပြီး အချိန်မစီးသေးသည့် အမတ်တွေဟာလည်း
မိန်းမကြီးတွေအလား အိမ်ရှေ့စံကိုတောင်
အားမနာနိုင်စွာ တီးတိုးအပုတ်ချနေရဲ့။ဘာတဲ့ *အိမ်ရှေ့စံက ဘဝင်လေဟပ်နေတာ
အခုလို စစ်ရှုံးတာ အိမ်ရှေ့မှာပဲ တာဝန်ရှိတယ်*တဲ့။စစ်တိုက်တာ အိမ်ရှေ့စံတစ်ယောက်ထဲ
ထွက်တိုက်လို့ရခဲ့ရင် လည်စင်းပြီး အသတ်ခံလိုက်မယ်။
စစ်ရှုံးတော့မှ အိမ်ရှေ့စံတာဝန်ယူတဲ့။
သိပ်ကို ခံပြင်းစရာကောင်းလှသည်။*နာရာတိုင်းပြည်က ဘယ်လိုတောင်းဆိုချက်
တွေလုပ်လာမလဲ မသိလို့ အိမ်ရှေ့စံတာဝန်ယူ
ဖြေရှင်းပါ*မျက်ထောင့်နီဖြင့် အိမ်ရှေ့စံအား မျက်နှာလွှဲခဲပစ်
လုပ်ခဲ့သော ခမည်းတော်၏ မျက်လုံးအား တည့်တည့်ကြည့်ကာ *ကောင်းပါပြီ* လို့ပြန်ဖြေခဲ့ပေမဲ့ အိမ်ရှေ့စံ၏
မျက်ဝန်းတွေကတော့ *တစ်နေ့ပြန်ပေးဆပ်ရမယ်*
ဟု ကြိမ်းဝါးနေသယောင်။ထို့နောက် ညီလာခံပိတ်သိမ်းကာ ခမည်းတော်
နန်းတော်ပြန်သွားတော့မှ အိမ်ရှေ့စံလည်း
ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။ခြေတလှမ်း လှမ်းလိုက်တိုင်း လှောင်ပြုံးဖြင့်
ခနဲ့နေကြသော အမတ်တွေကြား လက်ကိုတင်းကြပ်စွာ
ဆုပ်ထားရင်း မနည်းသည်းခံမြိုသိပ်ထားရ၏။မြေပြိုမပျက်ခြေလှမ်းတို့ဖြင့် ဒုန်းဆိုင်းလျှောက်လာသော
အိမ်ရှေ့စံ၏ ခြေလှမ်းတို့ဟာ မင်တိုင်းပြည်ကိုတောင်
တုန်လှုပ်စေသည်။
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ