Unicode version ,
တိတ်ဆိတ်အေးချမ်းလှသော ဂိုယောင်းတောင်ပေါ်ရှိ ဘုန်းကြီးကျောင်းလေးထက်ဝယ် ဆော့ဂျင်ရောက်နေသည်မှာ အနည်းငယ်ကြာနေပြီဖြစ်သော်ညားလည်း ကျောင်းထိုင်ဘုန်းကြီးကတော့ အခုထိရောက်မလာသေး။ အကြောင်းမှာ တောင်ခြေရှိ ရွာငယ်လေး၌ ဆေးသွားကုပေးနေသောကြောင့်ပင်။
ထို့ကြောင့် ဆော့ဂျင်လည်း ကျောင်း၌စောင့်နေရာမှ နားထဲသို့ တိုးဝင်လာသော ကလေးများ၏ ပြည်သူ့နီတိ စာဖတ်အသံများကြောင့် ဒီအနီးတဝိုက်တွင် စာသင်ဆောင်တစ်ခုရှိနေပုံပင်။ ထိုချိန် ကလေးပီပီ စပ်စုချင်သော နာရာဘုရင်ပေါက်စလေးကြောင့် ဆော့ဂျင်မှာ လိုက်ထိန်းနေရပါသော်လည်း ဘုရင်ပေါက်စလေးဟာ စာသင်ဆောင်အား မရမကလိုက်ရှာလေသည်။
ထိုချိန်၌ တိုက်ဆိုင်စွာပင် ပြန်ရောက်လာသော ကျောင်းထိုင်ဘုန်းကြီးကြောင့် ဆော့ဂျင်လည်း ဘုရင်လေးအား အထိန်းတော်ကြီးနှင့်ထားခဲ့ကာ ဘုန်းတော်ကြီးနှင့်အတူ စကားပြောရန်လိုက်လာခဲ့လိုက်သည်။
*နေကောင်းပါရဲ့လား ဘုန်းဘုန်း*
*အင်း.... အမြဲကောင်းနေတယ်လို့လဲဘယ်ဟုတ်ပါ့မလဲ ဒကာလေးရယ်....ခန္ဓာရယ်လို့ ဖြစ်လာရင် ဝေဒနာလည်း ဖြစ်တည်လာမှာပဲလေ...ဒီလိုပဲ နေရတာပေါ့*
*တင်ပါ့....တပည့်တော်ရဲ့အမတောင် ရာသီတုတ်ကွေးဖြစ်နေလို့ ဘုန်းဘုန်းဆီမှာ ဆေးလေးလာယူတာပါ*
*အင်း ဘုန်းဘုန်းဆေးပေးလိုက်ပါ့မယ်....ဒါနဲ့ အပြင်မှာ ဒကာလေးရဲ့ ကလေးလေးလား*
*မဟုတ်ပါဘူး အမယူရာရဲ့သားလေးပါ*
*အော် ဒါဆို နာရာရဲ့ ဘုရင်အလောင်းအလျာလေးပေါ့*
*တင်ပါ့*
*အေးအေး....ဘုန်းဘုန်း ဆေးတွေလုပ်ထားနေတုန်း ဒကာလေးလည်း ကျောင်းကို ကြည့်ချင်ကြည့်လေ*
*တင်ပါ့ဘုရား.....ဒါနဲ့ ဘုန်းဘုန်းကျောင်းမှာ စာသင်ဆောင်ရှိလား ဘုရား...တပည့်တော် စာအံသံတွေကြားမိလို့ပါ*
*ဟုတ်တယ် ဒကာတစ်ယောက်က တောင်ခြေက ကလေးတွေကို ပညာဒါနပြုတာလေ*
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ