Zawgyi version,
*ကြင်ယာတော်က သူ့ကိုယ်ရံတော်နဲ့ ငါတို့အရှင်မသိအောင် ဖောက်ပြန်နေတာ..နင်သိပီးပီလား*
*အေး ငါလည်းဟိုတနေ့က ရုတ်ရင်းဆန်ခတ်ဖြစ်သွားတာကြားမိတယ်*
*ငါ့ဟယ် ယုံတောင်မယုံနိုင်ဘူး*
*ငါထင်တော့ထင်တယ် ကြင်ယာတော်စရိုက်က တော်ရုံမဟုတ်ဘူးဆိုတာ အရှင့်မျက်နှာကြောင့်သာပေါ့နော် မဟုတ်ရင်သူ့လိုလူမျိုးကို မခစားနိုင်ပါဘူး*
နန်းတော်ထောင့်ချိုးနေရာလေးတွင် သူများအကြောင်း မကောင်းပြောကာ ပါးစပ်အရသာခံနေကြသော နန်းတွင်းသူနှစ်ယောက်ကြောင့် ဆော့ဂျင် သက်ပြင်းလေးချမိ၏။
သူနှင့်မကြာခင် အမျိုးတော်ရတော့မည် အကို့ကြင်ယာတော်က ကိုယ်ရံတော်လေးနဲ့မေတ္တာမျှနေသည်တဲ့လား။ အဲ့ဒါကြောင့် မနေ့ကဆော့ဂျင်အား မျက်ရည်များစွာနဲ့ဝင်တိုက်သွားခဲ့တာပေါ့။
ရင်ထဲလေးလံလာကာ တစ်စုံတစ်ခုကိုအလိုမကျသလို တခုခုလစ်ဟာနေသလိုခံစားချက်ကြီးကြောင့် ဆော့ဂျင်မနေတတ်စွာ စုတ်သတ်မိ၏။ ထို့နောက် အကို့နန်းဆောင်ထံသို့ လျှောက်လာလိုက်တော့ အထိန်းတော်ကြီးမှ ဝင်ခွင့်ပြုသဖြင့် ဆော့ဂျင်လည်း ဝင်လာလိုက်သည်။
*အကို*
နန်းဆောင်ထဲတွင်တောင် မနားရပဲ အလုပ်ရှုတ်နေသော အကိုက ဆော့ဂျင်လာတာတောင်သတိမမူမိခဲ့။
*အော် ဆော့ဂျင်ဘာကိစ္စရှိလို့လဲ*
*ကိစ္စရယ်လို့မဟုတ်ပါဘူး မနက်ဖြန်မင်္ဂလာပွဲဆိုတော့ အကိုအဆင်ပြေရဲ့လားလို့ပါ*
*အကိုကအဆင်ပြေပါတယ် ဆော့ဂျင်ကဘာလို့မေးတာလဲ*
*ကျွန်တော်အကုန်ကြားပီးပါပီ*
ခေါင်းလေးငုံ့ကာ ဂျောင်ကုအားစိတ်မကောင်းသလိုလေးမေးလာသော ဆော့ဂျင်ကြောင့် အနည်းငယ်ဟန်ဆောင်ပြုံးရုံသာ။ အမှန်အတိုင်းဝန်ခံရရင် ဂျောင်ကုနည်းနည်းလေးတောင်အဆင်မပြေပါ။ ချစ်ရသူက အခုဆိုနန်းဆောင်အထဲကနေတောင်မထွက်တာ တစ်ရက်ရှိလေပြီ။
အထိန်းတော်ကြီးကျွေးသည့်ထမင်းလည်း လက်လေးနဲ့တောင်မတို့ပဲ အကုန်မှောက်ချပစ်လေသည်။ ထို့အပြင် အဝတ်ချုပ်သမလေးများကိုလည်း အထဲပေးမဝင်သောကြောင့် အခုထိ မင်္ဂလာဝတ်စုံဟာမချုပ်ရသေး။
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ