Zawgyi version,
ကောင်ရိုးဖျာများနှင့် ခင်းကျင်းကာ ခြင်တွေတဝီဝီ မှက်တွေတနားနားဖြင့် အချုပ်ခန်းဆိုသည့်နေရာတွင် နာရီပေါင်းများစွာ ဂျောင်ကုတို့ထိုင်နေမိသည်။ အပြင်ဘက်တွင်လည်း အစောင့်များဟာ မီးတုတ်များဖြင့် မျက်စိဒေါက်ထောက် စောင့်ကြပ်နေကြပြန်သည်။
ဘေးနားရှိ ကြင်ယာတော်လေးကိုကြည့်လိုက်တော့ အနည်းငယ်ရှုတ်ပွနေသည့် ဆံနွယ်များနှင့်အတူ ကောက်ရိုးဖျာမှဖုန်မှုန့်များဟာလည်း ကပ်ငြိနေ၏။ ဂျောင်ကုဘက်မှ မည်သည့်စကားမှ မဆိုနိုင်လောက်တော့သည်အထိ ကိုယ့်ကိုကိုယ် တာဝန်မကျေသလို ခံစားမိသည်။
ဂျောင်ကုသာ သက်ငယ်ကိုခေါ်မလာခဲ့ရင် အခုလိုမျိုး ထိုကလေးကို ဒုက္ခရောက်အောင်လုပ်မိမှာ မဟုတ်ဘူး ဆိုသည့်အတွေးဟာ ဂျောင်ကုဦးနှောက်ထဲ ကြီးစိုးနေသောကြောင့် သက်ငယ်မျက်ဝန်းများကိုတောင် တည့်တည့်မကြည့်ရဲ။
ဖြစ်နိုင်ရင် အခုလိုကောက်ရိုးဖျာမပြောနဲ့ သာမာန်နှီးဖျာမှာတောင် သက်ငယ်အား မထိုင်စေချင်ခဲ့။ ဂျွန်ဂျီမင်းဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးဖြစ်လို့ တန်ဖိုးကြီးပေ့ ဆိုသည့်အရာများနှင့်သာ ပနံသင့်ပေသည်။
နှလုံးပေါက်မတက် ချစ်လွန်းလို့ ၊ အသက်ထက်မက မြတ်နိုးလွန်းလို့ ထိုလူသားလေးကို ဂျောင်ကုသေးသေးလေးတောင် အထိခိုက်မခံနိုင်ပါ။ အခုလိုအချုပ်ခန်းထဲရောက်နေသည်မှာပင် ဂျောင်ကုနှလုံးသည်းခြေကို သံစူးဖိနပ်များဖြင့် နင်းချေပစ်သလိုက်သလိုပင်။
*ဂျောင်ကု*
တဖက်နံရံကိုမှီကာ ဒူးလေးနှစ်ချောင်းပေါ်၌ လက်နှစ်ဖက်အား စု၍တင်ထားလျက် အသံသေးသေးလေးဖြင့် စကားဆိုလာသော ဘေးနားရှိလူသားလေးကြောင့် ဂျောင်ကုပြုံးလျက် ပြန်ဖြေမိသည်။
*ပြောလေသက်ငယ်*
*အကယ်၍ ငါတို့အဖမ်းခံထားရတယ်ဆိုတာနာရာကသိရင် စစ်ဖြစ်တော့မှာပေါ့နော်*
*အင်း..ဟုတ်တယ်*
*ငါတို့က သူတို့ရဲ့လက်နက်ကို မြင်ဖူးသွားပေမဲ့ ဘယ်လိုအသုံးပြုရမှန်းမသိသေးဘူး။ အဲ့ဒါကြောင့် အခုချိန်နာရာက စစ်ကြေညာရင် ရှုံးမယ့်ပုံ*
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ